ဝင်းသပြေထွန်း ရဲ့ မေ့မရတဲ့ အမေရိက ခရီးစဉ်အကြောင်း

ဝင်းသပြေထွန်း ရဲ့ မေ့မရတဲ့ အမေရိက ခရီးစဉ်အကြောင်း
April 25, 2017 Asian Fame

WinThaPyayTunအမေရိကန်နိုင်ငံကို ဆရာမဒေါ်မမနိုင် တို့ရဲ့အဖွဲ့နဲ့အတူ လိုက်ပါ သွားတဲ့ ဝင်းသပြေထွန်းက ဧပြီလ၂ဝ ရက်နေ့ က ပြန် လည် ရောက် ရခဲ့ပါတယ်။ ဒီခရီးစဉ် မှာတော့ ဟိုနိုလူလူမှာ (၉)ပွဲကပြခဲ့ပြီး LosAngeles, Las Vegas, San Francisco  မြို့တွေမှာ တစ်ပွဲစီ ကပြ ဖျော်ဖြေခဲ့ပါတယ်။

East Wast Center က မြန်မာ့ရုပ် သေးနဲ့ မြန်မာ့ အနုပညာကို သူတို့ကျောင်း မှာပြသချင်တဲ့ အတွက် ပွဲကို စီစဉ်ခဲ့တာ ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲကို ဝင်ကြေး အခမဲ့ အနေဖြင့် ပြုလုပ်ခဲ့တာလည်း ဖြစ် ပါတယ်။ ဖျော်ဖြေပွဲ တိုင်းမှာတော့ ဝင်း သပြေထွန်းက သူ့ ရဲ့မောင်လေး ဖြစ်တဲ့ Rရုံဦးနဲ့ အတူ တူနှစ်သွယ် အက၊ ဦးရွှေရိုး ဒေါ်မိုးအက တို့ကို ကပြဖျော်ဖြေခဲ့ပါတယ်။ သူတစ်ဦး တည်းအနေ နဲ့လည်း ရုပ်သေးနဲ့ ယှဉ် ပြိုင်အကကို ကပြဖြစ်ခဲ့ပြီး အငြိမ့်နဲ့ နှစ်ပါးသွားကိုလည်း ကပြဖြစ်ခဲ့ကြောင်း သိရပါတယ်။

“အငြိမ့်လည်း ကဖြစ်တယ်။ လူ ရွှင်တော် လည်း မပါတော့ မောင်လေး Rရုဏ်ဦးရယ်၊ ဆိုင်း ဆရာဖြစ်တဲ့ ကိုဝိုင်းဗိုလ်ရယ်၊ ရုပ်သေး ဆရာဖြစ်တဲ့ ဦးပွရယ် လူရွှင်တော် ကကြတယ်။ San Francisco မြို့မှာတော့ မြို့ခံတွေဖြစ်တဲ့ ဇာတ်ဆရာကြီး ဦးစိန်လှိုင် ၊ဦးခိုင်ကြီး၊ ကိုအောင်သူနဲ့ ကိုကျော်ကျော် တို့က က ကြတယ်။ တအားလည်းပျော်ဖို့ ကောင်း ခဲ့တယ်” လို့ ခရီးနဲ့ ပတ်သက်ပြီး  ဝင်းသပြေ ထွန်းက ပြောပြပါတယ်။

ဒီခရီးစဉ်မှာတော့ ပုလဲဆိပ် ကမ်းကို လည်း ရောက်ရှိခဲ့ပြီး ဟာဝိုင်ရီကမ်း ခြေရဲ့အလှအပတွေ ကလည်း စိတ် ကို ကြည်နူးမှု ဖြစ်စေခဲ့ကြောင်း၊ ခရီးစဉ် တစ်လျှောက်လုံးမှာ ပါဝင် ကူညီပေးကြတဲ့ ချစ်တဲ့ မြန်မာတွေ အားလုံးကို ဘယ်တော့မှ မမေ့တဲ့ ခရီး တစ်ခုဖြစ်ခဲ့ကြောင်း ဝင်းသပြေထွန်းက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ
Photo: Mark Salondaka