
မန္တလေး၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ယခင်ကထက် ပိုမိုကြည်ညို သပ္ပါယ်စွာ ဖူးမျှော်နိုင်စေရန်အတွက် ဘုရားဆောင်အတွင်း မီးအလင်းပေးမှုကို နိုင်ငံတကာ Lighting Engineer များ၏ ပုံစံသစ်ဖြင့် ဒီဇိုင်းပြုလုပ်ပြီး ရိုးရိုးဝါယာကြိုးများအစား နှစ်ပေါင်း ၂ဝ တာရှည်ခံမည့် Fiber Optic အလင်းကြိုးများဖြင့် နိုင်ငံတကာ အဆင့်မီ အလင်းပေးမှုစနစ်သစ် ဖြင့် ပြောင်းလဲတပ်ဆင် ဆောင်ရွက်သွားရန် ၂ဝ၁၇ခုနှစ်၊ ဧပြီလမှ စတင် စီစဉ်လျက်ရှိကြောင်း မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ဂေါပကအဖွဲ့ မှ သိရှိရသည်။
အလင်းပေးမှုစနစ် အသုံးပြုခြင်းဖြင့် လျှပ်စစ်ဝါယာကြိုး မဟုတ်ဘဲဖန်သားမျှင် အလင်းကြိုးဖြစ်၍ မီးဘေးအန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း၊ ဖန်သားမျှင် အလင်း ကြိုးနှင့် မီးထွန်းသည့် စနစ်ဖြစ်၍ ရိုးရိုး မီးများကဲ့သို့ အပူမထွက်ခြင်းကြောင့် ရှေး ဟောင်း အမွေအနှစ်တန်ဖိုးများမယုတ် လျော့နိုင်ကြောင်း၊ လိုအပ်သည့်နေရာများ ကို လင်းစေရန်နှင့် မလိုအပ်သည့် နေရာများ အလင်းလျှော့ထွန်းသည့် ပုံစံကြောင့် မဟာ မုနိရုပ်ရှင်တော်မြတ်ကြီးအား ပိုမို ကြည်ညို ဖွယ်ဖူးမြင်ရမည်ဖြစ်ကြောင်း၊ ဘုရားကျောင်း ဆောင်၏ ပြင်ပမှ ထွန်းပေးခြင်းကြောင့် ကျောင်းဆောင်အတွင်း ပြုပြင်ရန်မလို ကြောင်း၊ မီးအလင်းပေးသည် MH generator မီးမှာ အနည်းဆုံး နာရီပေါင်း (၆ဝဝဝ) ကျော် နှင့် LED generator မီးမှာ အနည်းဆုံး နာရီပေါင်း(၅ဝဝဝဝ)ကျော် တစ်ဆက်တည်းပူဇော်နိုင်ကြောင်း၊ အသုံးပြုသည့် ဖန်သား မျှင်ကြိုး၏သက်တမ်းမှာ နှစ်ပေါင်း(၂ဝ)ကျော်အထိ ကောင်းမွန်စွာ အသုံးပြုနိုင်သည့်အတွက်ကာလရှည်ကြာသည့်တိုင် ပြုပြင်ရန် မလိုအပ်ကြောင်းသိရှိရသည်။
ဓ မဟာမုနိရုပ်ရှင်တော်မြတ်အား အလင်းပေးမှုစနစ်ဖြင့် မီးပူဇော်နိုင်ရန် အသုံးပြုမည် Fiber Optic ကြိုးများကို ရောင်းတန်းအတွက် ထုတ်လုပ်ထားခြင်း မရှိတဲ့အတွက် ဒိန်းမတ်နိုင်ငံမှ Fiber Optic ထုတ်လုပ်သော Roblon Company က အင်ဂျင်နီယာတွေကိုယ်တိုင် အသေးစိတ်တိုင်းထွာပြီး သီးသန့် ဒီဇိုင်းပုံစံရေးဆွဲကာ အချိန် ၃လ ယူပြီး ထုတ်လုပ်ရပါတယ်။ ber Optic အလင်းပေးမှုစနစ်အတွက် ကျသင့်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁၉၉၂၉ဝ) ဒေါ်လာ(ကျပ် သိန်းပေါင်း ၂၇ဝဝသိန်းခန့်) ဖြစ်ပါတယ်” ဟု မဟာမုနိ ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား အလင်းပေးမှုစနစ်အသစ်ဖြင့် ပူဇော်နိုင်ရန် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မဟာမုနိရုပ်ရှင်တော် မြတ်ကြီးဂေါပက အဖွဲ့ရုံးခန်း ၊ ဖုန်း ဝ၉-၄၄၄ဝ၄၄၄၇၅ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။