Heineken Beer
Heineken Beer

စင်ကာပူ ဖျော်ဖြေပွဲအတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်တဲ့ ရွှေမန်းသဘင်

စင်ကာပူ ဖျော်ဖြေပွဲအတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်တဲ့ ရွှေမန်းသဘင်
April 25, 2017 Asian Fame

shweman

ရွှေမန်းသဘင်ဇာတ်အဖွဲ့က မေလ၁ရက်နေ့တွင် စင်ကာပူနိုင်ငံမှာ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ရွှေမန်းသဘင်မှ ချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း၊ မင်းရွှေရောင်တင်၊ဆန်မင်းအောင်၊ စွမ်းပြည့်ချမ်းသာ၊ မေတင်မောင်ဆန်းဝင်း၊ ဆန်းရွှေစင်တို့အပြင် မင်းသမီး ကြီးနန်းခင်မွှေးတို့က ပါဝင်ကပြတင်ဆက်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ဧည့်သည်အနုပညာရှင် အနေနဲ့ ဒေါင်းမလေး(ရွှေမန်းသဘင်)က လည်းပါဝင်ဖျော်ဖြေမှာဖြစ်ပြီး လူရွှင် တော်များအနေနဲ့နေကျော်၊ဒီလုံး၊ ပေါက်ကျော်၊ ချမ်းမြေ့တို့ကလည်း ပရိသတ် တွေကိုဟာသပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်ကြဦးမှာဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ တေးသရုပ်ဖော်၊ပြဇာတ်၊နှစ်ပါးသွား၊ အော်ပရာတို့ကို မြိုင်မြိုင်ဆိုင်ဆိုင်ကပြသွားကြမှာဖြစ်တယ်လို့ သိရပါ တယ်။ လက်ရှိမှာလည်း ရွှေမန်း သဘင်အဖွဲ့သားတွေအနေနဲ့ စင်ကာပူဖျော်ဖြေပွဲအတွက် ကြိုတင်ပြင် ဆင်နေကြပြီလည်းဖြစ်ပါတယ်။ပွဲလက်မှတ်များကိုတော့ မတ်လ ၁၁ ရက်နေ့မှစတင်ပြီးရောင်းချလျက်ရှိကြောင်းသိရပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*