ကျားပေါက် ရဲ့ မွေးနေ့မှာ Big Bag စီးရီးသစ်ထွက်မယ်

ကျားပေါက် ရဲ့ မွေးနေ့မှာ Big Bag စီးရီးသစ်ထွက်မယ်
April 25, 2017 Asian Fame
ကျားပေါက် ရဲ့ မွေးနေ့မှာ Big Bag စီးရီးသစ်ထွက်မယ်

77

ကျားပေါက်တို့ Big Bag အဖွဲ့က သူတို့ရဲ့ စီးရီးသစ် Anger Management ကို မေလအတွင်းမှာ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ Big Bag ရဲ့ ဒီစီးရီးသစ်မှာတော့ ရေမွန် (idiots) ရေးတဲ့ သီချင်းတစ်ပုဒ်လည်းပါဝင်မှာဖြစ်ပြီး ရေမွန်ဆီက သီချင်းရတာနဲ့ အသင့်ဖြစ်ပြီလို့ ဆိုပါတယ်။

” ရေမွန်ကို အတီးတွေပေးထားတယ်။ သူက အဲဒီအတီးပေါ်မှာလိုက် ရေးပေးမှာ။ အခုဒီစီးရီးခွေက တစ်ခွေလုံးအဲဒီလိုလုပ်တာများတယ်။ Music တွေ အရင်တီးတယ်။ ပြီးတော့မှ အဲဒီအပေါ်မှာ စာသားတွေ လိုက်ရေးတာ၊ ဆွီဒင်မှာလုပ်ထားတဲ့ WOC စီးရီးကတော့ ဘယ်တော့ထွက်မလဲ အတိအကျ မပြောနိုင်သေးဘူး။ ဒီ Anger Management ကိုတော့ မေလ၂ဝ ရက် ကျွန်တော့်မွေးနေ့မှာ ထွက်နိုင်ဖို့ လုပ်ထားတယ်” လို့ ကျား ပေါက်က ပြောပါတယ်။

ကျားပေါက်တို့ Big Bag က ဒီတစ်ခေါက် စီးရီးသစ်ကိုတော့ အရင်စီးရီးခွေနဲ့မတူဘဲ Album တစ်ချပ်လုံးကို Theme တစ်ခုတည်းနဲ့ Concept Album အဖြစ် ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီစိတ်ကူးအကြောင်းကို Big Bag က ” ကျွန်တော်ဒီလို album လုပ်ရင်တအားကို ကြာပြီး AD 3000 တုန်းက အဲဒီလိုလုပ်ချင်တာ။ ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီလောက်မီတဲ့ ဦးနှောက်မရှိဘူး။ လုပ်ချင်တာပဲသိတယ်။ တစ်ခွေလုံးကို Theme တစ်ခုတည်းနဲ့ သွားဖို့ဆိုတာ အဲဒီအသက်အရွယ်တုန်းက မဖြစ်နိုင်ဘူး။ စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ လုပ်ချင်တဲ့ Music တွေကလည်း များတယ်။ Music ပုံစံတွေများပေမယ့် တစ်ခွေလုံးကို theme တစ်ခုတည်းရအောင် လုပ်ကြည့်ကြမယ်ဆိုပြီး လုပ်ကြည့်တာ ဒီစီးရီးခွေမှာရတယ်။ Anger ရယ် depression ရယ် အဲဒီနှစ်ခုကို အဓိကသွားထားတယ်” လို့ ကျားပေါက်ကပြောပြီး ဒီစီးရီးသစ်ကိုတော့ မေလ ၂ဝ ရက်နေ့ သူ့မွေးနေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*