Big Bag Fan တွေအတွက် ကျားပေါက်တို့ ထုတ်လုပ်မယ့် ပစ္စည်းကဘာလဲ

Big Bag Fan တွေအတွက် ကျားပေါက်တို့ ထုတ်လုပ်မယ့် ပစ္စည်းကဘာလဲ
April 7, 2017 Asian Fame
Big Bag Fan တွေအတွက် ကျားပေါက်တို့ ထုတ်လုပ်မယ့် ပစ္စည်းကဘာလဲ

kyar

Big Bag အဖွဲ့မှ ကျားပေါက်က သူတို့ရဲ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီး Big Bag Starter Kit ဆိုတဲ့ Accessories box တစ်ခုကို ဖန်တီးပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီ box ကိုတော့ ကျားပေါက် ရဲ့သူငယ်ချင်းများ တည်ထောင်ခဲ့တဲ့ bipolarbear က စီစဉ်ထုတ်လုပ်မှာဖြစ်ပြီး big bag နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းများပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

” big bag နဲ့ ပတ်သက်တဲ့ လက်ပတ်တို့၊ လော့ကတ်တို့၊ ဆွဲကြိုး၊ တီရှပ်၊ စတစ်ကာတွေအပြင် တခြားပစ္စည်းတွေလည်း ပါဦးမယ်။ အဲဒါအခု bipolarbear က လုပ်နေတာဆိုတော့ အသေးစိတ်ကိုတော့ သူနဲ့ တိုင်ပင်ပြီးမှ သေချာသိရမှာပါ။ မကြာခင်မှာ ဖြန့်ချိမှာပါ” လို့ ကျားပေါက်က ပြောပါတယ်။

” ဒီအစဉ်အစဉ်လေးက ဆွဲကြိုးလုပ်တာကစတာ။ ဆွဲကြိုးလေးတွေ အမှတ်တရလုပ်ရင်းက Fan တွေထဲကလည်း လိုချင်တဲ့သူတွေများလာတဲ့အခါ ဒီလို Kit လေးလုပ်ဖြစ်တာပါ။ ဈေးလည်းသက်သာချင်တယ်။ အမှတ်တရလည်းဖြစ်ရမယ်။ အပျော်လည်းဖြစ်ရမယ်ပေါ့။ အဲဒါကို bipolar bear လို့ ပြောပြရင်းနဲ့ စီစဉ်ဖြစ်တာ” လို့ ကျားပေါက်က ဆက်လက်ပြောပြပါတယ်။ ကျားပေါက်တို့ big bag အဖွဲ့က အခုနှစ်သင်္ကြန်မှာ ရန်ကုန်မြို့၊ ရှင်စောပုလမ်းမှာရှိတဲ့ MEP Forever မဏ္ဍပ်မှာ ရှိမယ်လို့လည်း သိရပါတယ်။

ရဲရဲ ၊ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*