Heineken Beer
Heineken Beer

အလှကုန် ပစ္စည်းတွေ ထပ်မံ ထုတ်လုပ်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အလှကုန် ပစ္စည်းတွေ ထပ်မံ ထုတ်လုပ်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
April 7, 2017 Asian Fame

SaiSaiစိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Cosmetix မှ SAI  နှုတ်ခမ်းနီများကို ထုတ်လုပ်ပြီးနောက် Eye Shadow, Eyeliner, မိတ်ကပ်လိမ်းတှဲ့Sponge တို့ကို ဧပြီလ ၂ရက်နေ့ မွန်းလွဲ ၁နာရီက Junction Squre မှာ မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ အခုထွက်ရှိတဲ့ အလှကုန် ပစ္စည်းသစ်နဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က “Eyeliner  ကတော့ SAI Eyeliner  လို့ပဲရိုးရိုးလေး နာမည်ပေးထားတယ်။Eye Shadow ကတော့ စက္ကူဗူးလေး ၂ဘူး ထွက်လာမယ်။ တစ်ဗူးကို Gold Dust  လို့နာမည်ပေးထားတယ်။ တစ်ဘူးကို Starry Eyes  လို့ နာမည်ပေးထားတယ်။ တစ်ဘူးမှာ Shadow ၆ခုနဲ့ ပါးနီ တစ်ခု ပါဝင်ပါတယ်။ တစ်ဘူးမှာတော့ Shadow ၆ခုနဲ့ Bronzer ပါဝင်ပါတယ်” လို့ပြောပါတယ်။

SAI အလှကုန်ပစ္စည်း များကို ကိုရီယားနိုင်ငံမှ ထုတ်လုပ်တာ ဖြစ်ပြီး ကွာလတီပိုင်းကို ဦးစားပေး ထုတ်လုပ် လျက်ရှိကြောင်းကို စိုင်းစိုင်းခမ်းလှိုင် က “ကျွန်တော်တို့ product တစ်ခုနဲ့ တစ်ခု ကြာ နေတာက အဲဒါကြောင့်လည်း ပါပါတယ်။ အပ်နှံထားတဲ့ စက်ရုံတွေ ကုမ္ပဏီတွေကနေ စိတ်တိုင်း မကျမချင်း အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် ပြင်ဆင် ထုတ်လုပ်ပြီးတော့  နောက်ဆုံး စိတ်တိုင်းကျတဲ့ အထိ ဖြစ်ပြီးမှ ထုတ်ထားတာ ဖြစ်ပါတယ်။ ကွာလတီပိုင်း ကိုတော့ ကျွန်တော့် အနေနဲ့ ယုံကြည်တယ်။ ကျွန်တော့် ပရိသတ်တွေလည်း ယုံကြည်ကြ မယ်လို့ ထင်လုပ်ပါတယ်။ ပြီးတော့ ကျွန်တော်ထုတ်တဲ့ ပစ္စည်းတွေက မိတ် ကပ် ပစ္စည်းတွေ၊ နှုတ်ခမ်းနီတွေ၊ အသားပေါ်မှာ လိမ်းခြယ်ရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် သေချာလေး စစ်ဆေးမှုတွေ ပြုလုပ်တယ်။ ဒီမှာဆိုလည်း FDA ကိုလျှောက်ပြီး တော့ လုပ်ပါတယ်။ ကျွန်တော့်ရဲ့ Eye shadow Eyeliner နဲ့ နှုတ်ခမ်းနီ တွေက made in Korea  စစ်စစ် ဖြစ်ပါတယ်။ ကိုရီယားဖော်မြူ လာ နဲ့ ကိုရီးယား စက်ရုံက ထုတ်လုပ်ထားတာပါ”လို့ ပြောပါတယ်။

SAI Eye Shadow  တစ်ဘူးကို ၁၈ဝဝဝ ကျပ်၊ Eyeliner  တစ်ချောင်းကို ၈ဝဝဝကျပ် နှင့် မိတ်ကပ်လိမ်းတဲ့ Sponge ကိုတော့ ၄၅ဝဝ ကျပ်ဖြင့် ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။  SAI Cosmetix  မှ ထုတ်လုပ်တဲ့ နှုတ်ခမ်းနီတွေကSoft Matte lip Cream အမျိုးအစားဖြစ်တာ ကြောင့် နှုတ်ခမ်းနီ ဆိုးထားရင် အကြာကြီး မခံတဲ့အတွက် တချို့ပရိသတ် တွေကလည်း မပျက်ဘဲ ကြာရှည်ခံတာမျိးလို ချင်တယ် ပြောကြတာကြောင့် တစ်နေ ကုန်မပျက်တဲ့ နှုတ်ခမ်းနီ အမျိုး အစားလည်း ထုတ်လုပ်သွားဖို့ အဆင်သင့်ရှိကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*