Smile TV Channel အတွက် ရင်ခုန်စွာစောင့်မျှော်နေတဲ့ စမိုင်း

Smile TV Channel အတွက် ရင်ခုန်စွာစောင့်မျှော်နေတဲ့ စမိုင်း
April 4, 2017 Asian Fame
Smile TV Channel အတွက် ရင်ခုန်စွာစောင့်မျှော်နေတဲ့ စမိုင်း

Smile (2)

တီဗီရုပ်သံ ချန်နယ်တွေ လုပ်ကိုင်ခွင့် လျှောက်ထားတဲ့အထဲမှာ အနုပညာရှင်ဖြစ်တဲ့ စမိုင်းတို့လည်းပါဝင်ခဲ့ပြီး တကယ်လို့ ပါမစ်ကျခဲ့ရင် ဘယ်လိုတင်ဆက်မှုတွေ ပြုလုပ်မလဲဆိုတာကို စမိုင်းက ကြိုတင်ပြင်ဆင်နေပါပြီ။ သူမက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့ချန်နယ်မှာ Entertainment Only ပြုလုပ်သွားမှာလို့ စမိုင်းကပြောပါတယ်။ သူမရဲ့ချန်နယ်အကြောင်းကို စမိုင်းက..

” တီဗီချန်နယ်ကတော့ လျှောက်ထားဆဲပဲပေါ့။ ရခဲ့ရင်အားပေးကြပါ။ စမိုင်းကိုယ်တိုင်က ဦးဆောင် ပြီးတော့လုပ်မှာမို့လို့ မရိုးစေရဘူး။ ဆန်းသစ်တဲ့ အိုင်ဒီယာတွေဘက်ကို ပြင်ဆင်ထားပါတယ်။ တီဗီ ချန်နယ်တစ်ခုက အရမ်း Challenge များတယ်။ အစ်မရဲ့ တီဗီချန်နယ်က အင်တာတိန်းမန့် Only ပဲ သွားမှာပေါ့နော်။ ကိုယ့်တီဗီချန်နယ်နဲ့ ပတ်သက်တဲ့ ပရိုဂရမ်လေးတွေကို ကလေးတွေနဲ့လည်း ပူးပေါင်းပြီး အစ်မတို့ပါဝင်တင်ဆက်သွားဖို့ရှိပါတယ်။ တီဗီ ချန်နယ်နာမည်က စမိုင်းတီဗီပါ” လို့ ပြောပါတယ်။ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သလို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တဲ့ စမိုင်းက သူမတို့ VMG ကုမ္ပဏီကနေ Baydin Application ကိုလည်း ဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ်။ သူမတို့ လုပ်ငန်းအကြောင်း မေးဖြစ်တဲ့အခါ …

” အစ်မတို့ ရှေ့မှာလုပ်ခဲ့တာက Y.Talk ပေါ့နော်။ International Calling Card ပေါ့။ မြန်မာပြည်မှာ ပထမဦးဆုံး ဖုန်းကတ်တွေကို အင်တာနက်မလိုဘဲနဲ့လည်း ဆက်လို့ရအောင် ဟိုးအရင်ကတည်းက စခဲ့တာပေါ့နော်။ အခုဆိုလို့ရှိရင် အင်တာနက်တွေကပေါများသွားပြီ။ အစ်မတို့က အင်တာနက်တွေ မရှိခင်တုန်းကတည်းက စခဲ့တာပါ” လို့ပြောပါတယ်။ ခင်ပွန်းသည်၊ သမီးနှစ်ယောက် နဲ့အတူ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ သူမတို့ဘဝလေးကိုလည်း စမိုင်းက..

” အဓိကကတော့ စမိုင်းရောက် ရှိနေတဲ့နေရာလေးမှာ ကျေနပ်ပါတယ်။ ပြီးတော့ အခုဆိုလို့ရှိရင် ကိုယ့်တစ်ယောက်တည်းတင် မဟုတ်ဘူးပေါ့နော်။ သမီးလေးတွေကိုပါ ချစ်ပေးကြတယ်။ အထူးသဖြင့် အငယ်လေးကို ဂရုတစိုက်နဲ့ ချစ်ပေးကြတဲ့အတွက် ပိုပြီးတော့လည်း အမေတစ်ယောက်အနေနဲ့ ပီတိဖြစ်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*