Heineken Beer
Heineken Beer

ပြောင်းလဲသင့်ပြီ အကယ်ဒမီ

ပြောင်းလဲသင့်ပြီ အကယ်ဒမီ
April 4, 2017 Asian Fame

ZAW_4015ပြောင်းလဲပါ ..
ပြောင်းလဲ လိုက်ပါ
မိမိကိုယ်ရော၊
မိမိစိတ်ဓာတ်ရော
မိမိပတ်ဝန်းကျင်ပါ
ပြောင်းလဲလိုက်ပါ။
CHANGE… ဦးနှောက်ကို နိုးကြားလှုံ့ဆော်ဖို့၊ ပြောင်းလဲမှု သာ မဟာ ဗျူဟာမြောက်ပါတယ်။ ပိုကောင်းတဲ့ မနက်ဖြန်ကို တည် ဆောက်ချင်ရင် မဖြစ်မနေ ပြောင်း လဲလိုက်ပါ။ ရှုံးနိမ့်မှုကို ကြောက် နေရင်အောင်မြင်မှုက အလှမ်းဝေး နေဦးမှာပါ။

အကယ်ဒမီ ဘယ်သူ့မှာ တာ ဝန်ရှိသလဲ၊ ဘယ်သူ့မှာမှ တာဝန် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ တာ ဝန်ယူမှု၊ တာဝန်ခံမှု မရှိလို့ပါ။ အကယ်ဒမီပွဲ ပြီးတိုင်း ပြောစရာလေး တွေက မတူထူးခြားပြီး၊ မရိုးအောင် ကျန်ရှိခဲ့တာပဲ။ ဒီနှစ်လည်း ဆု၂ဆု ချန်ခဲ့တာနဲ့ ဇာတ်ကား ဆု၂ဆုပေး သလို ဖြစ်သွားတာကို ပြောစရာဖြစ် အောင်စွဲကျန်ခဲ့တယ်။

အထူးသဖြင့် ဇာတ်ညွှန်းဆုပါ။ ဇာတ်ညွှန်း အရည်အသွေး မမီဘဲ၊ ဇာတ်ကားနဲ့ ဒါရိုက်တာကို ပေးတာ အံ့သြရပါရဲ့ဆိုတဲ့ ဇာတ်ညွှန်း အကယ်ဒမီ မြင့်ဦးဦးမြင့်။

ကျုပ်လည်း ဇာတ်ညွှန်းရေးခဲ့ပါ တယ်။ ကြိုးတန်း ဇာတ်ကားနဲ့ ပန်းကြာဝတ်မှုံ။ ဇာတ်ညွှန်းဆု အတွက် ဇာတ်ညွှန်းရေးတင် ပါဆို တာကို မကြိုက်လို့ မပေးလည်းနေ၊ မတင်ဘူးဗျာ ဆိုတဲ့ စာရေးဆရာ ဇာတ်ညွှန်း ဆရာနေဝင်းမြင့်။

၅ဝ ရာခိုင်နှုန်းမူကို ကိုင်ထားလို့ ဆု၂ဆု ချန်ခဲ့တာပါဆိုရင် တခြား ဆုတွေထဲမှာ ၅ဝရာခိုင်နှုန်းမပြည့်ဘဲ ပေးထားသလားလို့ စိတ်ထဲ ခိုးလို့ခုလု ဖြစ်မိသူ ဒါရိုက်တာမောင်ဗေဒါ။

ထိုသုံးဦး ဆုံမိကြသောအခါ ဇာတ်ညွှန်းနဲ့ ပတ်သက်လို့ Emotion passion  စိတ်ခံစားမှု အလွန်ပြင်းပြ ခဲ့ကြတယ်။ တခြားဆုတွေပေါ်မှာ လည်း အနေအထား အားနည်းမှုရှိ နေတာကို ပြောဖြစ်ကြတယ်။

“မူ” မူလလက်ဟောင်းမူကို ပြင်မှာလား၊ ၅ဝ ရာခိုင် နှုန်းဆိုတာ ကြီးကို မေ့ထားခဲ့မှာလား။ အားလုံးကို ပေး ရင် အကယ် ဒမီတွေ ပေါ သွားမှာ စိုးလို့ဆိုရင် အရင်က သရုပ်ဆောင် တွေ ပူးတွဲ ၂ယောက်စီပေးခဲ့တာ တွေက ဗုံးပေါလအော ပေါများနေ တယ် လို့ကော မဆိုနိုင်ဘူးလား။  အကယ်ဒမီ စစ်မှန်မှု အားနည်းတာ နှစ်အတော် များနေပါပြီ။ အကောင်း ဆုံးကို ရွေးချယ် ဖို့၊ ရွေးချယ်သူ က ကော အကောင်းတကာ့ အကောင်း ဆုံး၊ အတော်ဆုံး အဆင့်မှာ ရှိနေမှာ လားဆို စကား။ ပေးသူ၊ ရွေးချယ်သူ အရည်အသွေးနဲ့ ရွေးချယ်ခံ ဆုရရှိသူ အရည်အသွေး ဘယ်ချိန်ခွင်ပေါ် တင်ကြည့်ပါသလဲ။ ဈေးဝယ်သူထက်၊ ဈေးရောင်းသူများ နေတာရော။ ချိန်ခွင် လျှာမတ်နေဖို့၊ တိကျဖို့၊ ဘယ်သူမှ ကျမ်းကျိန်မထားပါဘူး။

နောက်ဆုံး အဆင့် ရွေးချယ်သူ များထဲ နည်းပညာရှင် မပါသင့်ဘူး လား။ နည်းပညာ ဆိုင်ရာဆုတွေ အတွက်၊ နည်းပညာရှင် မပါဘဲ ရွေးချယ်ခဲ့တာလည်း လွဲလွဲလေးပါပဲ။ ကကြီးနဲ့ ယ၊ ဂငယ်နဲ့ ပ၊ ဘာကွာသ လဲ။ လှန်ချင်လှန်၊ မှောက်ချင်မှောက် အက္ခရာပဲ မဟုတ်လား။ အသံဆုထဲ မှာ အသံဖမ်းခြင်း၊ Sound Design  ပြုလုပ်ခြင်းအသံ၊ နောက်ခံတီးလုံးသံ၊ အသံရောနှောခြင်း Sound Mixing  ဆိုတာတွေ ရှိနေတော့ အသံဆုဆို ပြီး လုံးချဖို့မသင့်ဘူး။ အသံဖမ်းသူ ကိုပေးချင်ရင် “အသံဖမ်းဆု”လို့ သီး ခြား သတ်မှတ်ပေးသင့် တာပေါ့။ ဒါမှ မဟုတ် နိုင်ငံတကာမှာလို “Sound Mixing Award”လို့ သီးခြားပေးရင် ကောင်းမှာပဲ။

အဓိကကတော့ ရုပ်ရှင်က နိုင်ငံတကာ အဆင့်၊ International  မရောက်သေးလို့ပါ။ ရောက်တဲ့အခါ ကျ အရာအားလုံးဟာ သူ့အဆင့် အတန်း နဲ့သူ ဖြစ်သွားပါလိမ့်မယ်။ ဆရာ ဦးမြင့်ဦးဦးမြင့်က ဇာတ်ညွှန်းဆု အတွက်၊ ဇာတ်ညွှန်း တစ်ခုတည်းကို ပြန်တင်ခိုင်းတာ။ ဘယ်လောက် ပဲ ကောင်းကောင်း ဇာတ်ညွှန်းမတင်ရင် မပေးဘူး ဆိုတဲ့ မူကို လက်ကိုင်ထားနေ တာက ကြီးမားတဲ့ လွဲချော်မှုပဲ။ ဒါဆို ရင် နောက်ခံ တီးလုံးပြန်တီးခိုင်း မလား၊ တည်းဖြတ်ကို ပြန်တည်းဖြတ် ခိုင်းမလားလို့ မေးခွန်းတွေ မေးလာ ပါတော့တယ်။ ဒီတော့ ဆရာနေဝင်း မြင့်က ဇာတ်ညွှန်း ကို ပြန်တင်ခိုင်း တာ၊ မတင်ရင် မရဘူး ဆိုတာက ဆုအားလုံးထဲမှာ ဇာတ်ညွှန်းကို နှိမ့် ချနေသလိုပါပဲ။ ဇာတ်ညွှန်းမပါဘဲ ဒါရိုက်တာ၊ ဇာတ်ကား ရိုက်ကူးလို့ ရပါသလားလို့ မေးခွန်း မေးလာပြန် တယ်။

ပြောတော့ ဇာတ်ကားတစ်ကား လုံးရဲ့ အသက်ဟာ ဇာတ်ညွှန်းလို့ အသိ သက်သေ ထူကြတယ်။ ဇာတ် ညွှန်းသေပြီး ကျန်တာတွေဘာ အတွက် နှလုံးရပ်မှတော့ ပွဲကပြီးပြီ လေလို့ ဒါရိုက်တာ မောင်ဗေဒါရဲ့ အဆုံးသတ်ချက်။

“မူ”ကိုပြင်မလား၊ လူကို Change မလား။ တချို့ကတော့ မူရောလူပါ ပြောင်းလဲ သင့်ပါတယ် လို့ ဆိုပါတယ်။ အရေးကြီးဆုံး စဉ်း စားတွေးခေါ်ပုံတွေကို ပြောင်းလဲသင့် ပါတယ်။ အခုလိုအချိန်မှာ ကိုယ့် ကိုယ်ကိုယ် အကဲမဖြတ်မိဖို့ အရေး ကြီးပါတယ်။ ခုကို ငါးဦးက မညီတာပါ။ အရေးဆို ဝေဖန်လာချိန်မှာ တစ်ဦး က မိမိက ဘာကိုရွေးချယ်တာ လို့ ရှင်းချက် ထုတ်တော့ ကျန်တဲ့သူ အပြစ်ဖြစ်တာလည်း မသင့်တော်ပါ ဘူး။ အဖွဲ့ဝင်တွေရဲ့  comment ပါ၊ ရွေးချယ် ဆုံးဖြတ်တဲ့ စာအိတ်ကို ၇ရက်ကြို ဖောက်တာလည်း လွဲမှားတယ်လို့ သုံးသပ် ကြတယ်။ ငြင်းခုံမှုတွေ အတွက် အချိန်ပိုရ သွားတာပေါ့လို့ မြင်ကြတာပါ။

မြတ်ခင်းရိတ်သောသူနှင့် အစစ်အမှန် ဥယျာဉ်မှူးအကြား ကွဲပြားခြားနားမှုက ပြုပြင်ပြောင်း လဲခြင်းပေါ် မူတည်နေပါတယ်။ ကျွန်တော်တို့ သုံးဦး ဇာတ်ညွှန်းမတင် ရရေးကို ဆက်လက် ဆွေးနွေး၊ အရေး ဆိုသွားမည်ဟု သံမှိုရိုက်ခဲ့ပါတယ်။ ဇာတ်ညွှန်းဆရာ စစ်စစ်များလည်း လက်သန်းလေးတွေ မင်စိုသင့်ပါပြီ။

(ဆရာနေဝင်းမြင့်၊ ဆရာမြင့် ဦးဦးမြင့်နှင့် ဒါရိုက်တာ မောင်ဗေဒါ တို့ ပူးပေါင်းအဖြေရှာခြင်းဖြစ်သည်)

ဒါရိုက်တာမောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*