
” ဒီကိစ္စတွေက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်နဲ့ တေဇာ လင်းနဲ့ကို အမြင်မှား နေကြတာပါ။ ဖြစ်ပုံက တေဇာလင်း ဘက်ကရော၊ ကောင်မလေးဘက်ကရော၊ ကျွန် တော့် ကို ဘာမှလုပ်တာ မဟုတ်ပါ ဘူး။ သူတို့ဖြစ်သွား ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး Post လေး တွေ တက်တယ်။ အဲဒီပို့စ်မှာ Comment ဝင်ရေးတဲ့ သူတစ်ယောက်က ခင်စိုး ပိုင်ရဲ့သား ဆိုပြီး ဝင်ရေးလိုက် တယ်။ သိတဲ့လူတွေက လည်း ကျွန်တော် မဟုတ်ဘူး ဆိုတာကို သိတယ်။ မသိတဲ့သူတွေ ကတော့ ဒီ message အမှားကြီးကို သိသွားတာ ပါ။ Comment မှာ တေဇာလင်းကို ကြည်ဖြူအောင် လို့ မှားရင် ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ခင်စိုးပိုင်ရဲ့ သားဆိုတော့ သားတစ်ယောက် အနေ နဲ့ အမေအတွက် စိတ်မကောင်း ဖြစ်ရတာပါ”လို့ ပြောပါတယ်။
ကြည်ဖြူအောင် အနေနဲ့လည်း လက်ရှိမှာ အနုပညာ အလုပ်တွေ လုပ်ဆောင်လျက် ရှိတာကြောင့် တေဇာလင်းနဲ့ ကြည်ဖြူအောင် ကို ကွဲကွဲပြားပြား ပရိသတ်တွေ သိစေချင်တယ် လို့ ဆိုပါတယ်။
” ကျွန်တော်လည်း ကျွန်တော့် Facebook မှာ ပြန်ရှင်းထားပါ တယ်။ ကျွန်တော် က မော်ဒယ်ဆက် မလုပ်တော့ပေမယ့် သရုပ်ဆောင် ပိုင်းတွေ၊ အဆိုတော်ပိုင်းကို သွား မယ့်အတွက် ကျွန်တော့် Image တစ်ခုကိုကျစေပါတယ်”လို့ ကြည်ဖြူ အောင်က ပြောပါတယ်။
မြတ်မိုးပွင့်