Heineken Beer
Heineken Beer

ကလေးတွေက ပညာရေးစနစ်မှာ စာမေးပွဲကိစ္စတွေနဲ့ ဖိစီးလွန်းအားကြီးနေကြောင်း ဆရာလင်္ကာ ရည်ကျော်ပြော

ကလေးတွေက ပညာရေးစနစ်မှာ စာမေးပွဲကိစ္စတွေနဲ့ ဖိစီးလွန်းအားကြီးနေကြောင်း ဆရာလင်္ကာ ရည်ကျော်ပြော
March 31, 2017 Asian Fame

linkar yeekyaw (18)

လက်ရှိအချိန်မှာတော့ စာဖတ်ရှိန်မြှင့်တင်ရေးတွေ လုပ်ဆောင်လာနေကြသလို စာဖတ်အားလည်း အထိုက်အလျောက်အတန်အသင့် မြင့်တက်လာမှုတော့ ရှိလာနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူငယ်တွေရဲ့ စာဖတ်အားနဲ့ ပတ် သက်ပြီး စာရေးဆရာလင်္ကာရည်ကျော်ကို မေးကြည့်ရာမှာတော့..

” ဆရာအမြဲတမ်းလည်းရေး လေ့ရှိပါတယ်။ စာမဖတ်ဘဲတော့ မဖြစ်ဘူး။ ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ တခြားမီဒီယာတွေ လွှမ်းမိုးလာတယ်ပဲပြောပြော တိုးတက်နေတဲ့ နိုင်ငံတွေအားလုံးမှာ လူတွေဟာ စာ ဖတ်ကြတယ်။ ဆရာတို့နိုင်ငံမှာလည်း လူတွေစာဖတ်ဖို့ လိုတာအမှန်ပဲ။ တကယ်တမ်းမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်း ဆရာ စာ ရေးခဲ့တဲ့အတွင်းမှာ ဆရာအပါအဝင် ပေါ့။ စာရေးဆရာတွေလည်း ကြိုး စားကြတယ်။ ထုတ်ဝေသူတွေလည်း ကြိုးစားကြတယ်။ စာဖတ်အား သိသိ သာသာတက်လာတာတွေ့ရတယ်။ တစ်နေ့နေ့မှာတော့ ဆရာထင်တယ်။ ဆရာတို့လိုချင်တဲ့ စာဖတ်တဲ့နိုင်ငံ တစ် နိုင်ငံဖြစ်လာမှာပါပဲ” လို့ ဆရာ လင်္ကာရည်ကျော်က သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ လူငယ်တွေအနေနဲ့ စာပေကိုဖတ်ရှုသင့်တဲ့အကြောင်းကို လည်း ဆရာလင်္ကာရည်ကျော်က အခုလို ပြောပါတယ်။

” လူငယ်တွေအပိုင်း ပြောရမယ်ဆိုရင်တော့ ကလေးဘဝကတည်းက စာဖတ်တာကိုပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာတော့ ကလေးတွေက ပညာရေးစနစ်မှာ စာမေးပွဲကိစ္စတွေ ဖိစီးလွန်းအား ကြီးနေတယ်။ အဲဒါလေးတွေဘက်က လည်း နည်းနည်းပါးပါးတော့ ပြုပြင် ရမှာပေါ့နော်။ ဆရာတို့ ငယ်ငယ် တုန်းကလို ကျောင်းစာလည်းဖတ်၊ အပြင်စာလည်းဖတ်တဲ့ ကလေးတွေ ပြန်မြင်ချင်ပါတယ်” လို့ ဆရာ လင်္ကာရည်ကျော်က ပြောပါတယ်။

ပြည်ပ နိုင်ငံတော်တော်များများကို လေ့လာရေး ခရီးသွားရောက်ခဲ့တဲ့ ဆရာလင်္ကာရည်ကျော်ကို ပြည်ပနိုင်ငံတွေရဲ့ စာဖတ်အားနဲ့ သူတွေ့ ကြုံသိမြင်ခဲ့ရတာတွေအကြောင်း မေးကြည့်ရာမှာတော့

” ဆရာလွန်ခဲ့တဲ့ အနှစ်၂ဝ လောက်ကစပြီးတော့ ဆေးပညာကိစ္စတွေနဲ့ နိုင်ငံခြားခရီးစဉ်တွေ သွားဖြစ်တယ်ပေါ့။ ဘယ်နားသွား သွား လူတွေက စာအုပ်ကိုင်ထား တာပဲ။ ဒါပေမဲ့ အခုတလောမှာ ဆရာသွားတဲ့ ခရီးတွေမှာ ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကလောက်နဲ့တော့ သိပ်မတူတော့တာ အမှန်ပဲ။ သူတို့ကိုယ်တိုင်လည်း ဖုန်း လေးတပွတ်ပွတ်နဲ့ ဖြစ်နေကြတယ်။ အဲဒီတော့ သူတို့ နိုင်ငံတွေမှာလည်း ဒီပြဿနာက အထိုက်အလျောက် အတန်အသင့်တော့ ရှိမယ်ထင်တယ်။ သို့သော်လည်း တစ်ဖက်က ဘာဖြစ် လာလဲဆိုတေှာ့သ်အ ဃသစပ ပေါ့။ စာအုပ်ကို အွန်လိုင်းနဲ့ ရောင်းချတဲ့ မားကတ်က သူတို့မှာ ကျယ်ပြန့်လာတယ်။ ဆရာ တို့ဒီမှာလည်း တချို့ စကြတယ်။ ဝန်ဇင်းတို့စသည်ဖြင့်ပေါ့ နော်။ နန်းဒေဝီကလည်း လုပ်ဖို့စီစဉ် တယ် ပြောတယ်။ ဆရာထင်တယ်၊ အဲဒါလည်း ဆရာတို့ အားပေးရမှာပဲ။ စာကဘယ်က ဖတ်ဖတ်ပေါ့နော်။ ဖေ့စ်ဘုတ်က ဖတ်လည်း စာဖတ်တာ ပဲ။ အွန်လိုင်းက ကော်ပီယူလည်း စာဖတ်တာပဲ။ ဒါလေးလည်း တဖြည်း ဖြည်းထွန်းကားလာရင်တော့ စာဖတ် နှုန်း တိုးတက်ဖို့နေရာမှာ အထောက် အကူ ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်” လို့ ဆရာလင်္ကာရည်ကျော်က သူ့ရဲ့တွေ့ကြုံခဲ့ရတာလေးတွေကို ပြောပြခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*