
“ကျွန်မအခု ရထားတဲ့ ဆုတော်ငွေတွေ သိန်း၂ဝနီးပါး ရှိပါတယ်။ အဲဒီပိုက်ဆံတွေ အကုန်လုံးကတော့ ကချင်ပြည်နယ် မှာရှိတဲ့ စစ်ရှောင် စခန်းတွေမှာ သွားပြီးတော့ လှူဖို့ စီစဉ်ထားပါတယ်။ အဲဒါနဲ့ အတူ ဆေးတွေ၊ အင်္ကျီတွေလှူဖို့ကိုလည်း အစ်မအခု စီစဉ် ထားတယ်”လို့ပြောပါတယ်။ အကယ်ဒမီဆု ရရှိ ခဲ့တဲ့အတွက် ကျေနပ်ပီတိဖြစ်မှု ကတော့ တကယ့်ကို များလှပါတယ်လို့ သူမက ထပ်လောင်းပြောပြ ခဲ့ပါတယ်။
မိုးမြန်မာမီဒီယာ ရုပ်ရှင်ထုတ် လုပ်ရေး အနေနဲ့ကတော့ ရည်ရွယ်ချက် ကောင်းကောင်းလေးတွေ နဲ့ အကျိုးပြု ဇာတ်ကားလေးတွေ ရိုက်သွားဦးမှာပါ လို့ မိုးမြန်မာမီဒီယာ ရုပ်ရှင် ထုတ်လုပ်ရေးကထုတ်လုပ်သူ ဒေါ်နန်းမောက် လောဝ်ဆိုင်က ပြောပါတယ်။
“ရှေ့ဆက်ပြီးတော့ နိုင်ငံကို အကျိုးပြုပြီးတော့ တကယ့်ကို ကမ္ဘာကပါ တန်ဖိုးထားတဲ့ အရာတွေကို မြန်မာ ကပါ တန်ဖိုးထားတတ်လာအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မမီးတို့ဇာတ်ကားလေးတွေ ဆက်လက် ရိုက်ကူးသွားဖို့ အစီအစဉ် ရှိပါတယ်” လို့ ဆိုပါ တယ်။
မျိုးမောင်