
“ဒီနှစ်မှာ ထူးခြားတာက အကဲ ဖြတ် အဖွဲ့တွေဟာ နှုတ်လုံလွန်းအား ကြီးတော့ အပြင်ကို မပေါက်ကြားခဲ့ ဘူး။ ဦးကြည်ရဲ့ ရုပ်ရှင် ဇာတ်ကား တွေက ၈ ကားတောင် ပါဝင်ခဲ့တယ်။ ၈ ကားထဲကနေပြီး ၄ ကား လောက်ကို အားရခဲ့တယ်။ ဒါပေမယ့် ငါတော့ မရလောက်တော့ပါ ဘူးလေ ဆိုပြီး တော့ အကယ်ဒမီ ပွဲခင်းထဲ ဝင်ခဲ့ တယ်။ အကယ်ဒမီ ဆန်ခါတင် အသံ ဆုအတွက် ကြေညာတဲ့ အခါ ဦးကြည် ပါဝင်တာက ၂ ကားဖြစ်နေခဲ့တော့ ငါများရမလား မသိဘူး ဆိုပြီးတော့ ရင်ခုန် လာတယ်။ နာမည်ကြေငြာ လိုက်တော့ ပိုရင်ခုန် ခဲ့ရတယ်” လို့ ပြောပြပေးပါတယ်။
အခုနှစ် အကယ်ဒမီ စာရင်း မှာ ဦးကြည်မင်းသိန်းရဲ့ ရုပ်ရှင်ဇာတ်ကား ၈ ကားအထိ ပါဝင်သော်လည်း သူ အမှန်တကယ် အားရခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေ ကတော့ အနူးဘစ်၊ မှော်ကျောက်စာ၊ လူးရတနာသိုက်၊ From Bangkok To Mandalay တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“From Bangkok To Mandalay ဟာ ကွာလတီကောင်း လွန်းတဲ့အတွက် ပရိသတ်တွေ တောင် မှ အမှတ် ပေးထားတဲ့ ရုပ်ရှင် ဇာတ် ကားဖြစ်ပေမယ့်လည်း အကယ် ဒမီ အကဲဖြတ် အဖွဲ့ စည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီ တဲ့ အတွက် အဲ့ဒီဇာတ်ကား ကို ဖယ်လိုက်ပြီးတော့ မှော် ကျောက်စာနဲ့ အနူးဘစ်ကို အားရခဲ့ တယ်။ တကယ်ကို ကြိုးစားပမ်းစား နဲ့လည်း လုပ်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူးရတနာသိုက် ကို အားထားခဲ့ပါ တယ်။ လူးရတနာသိုက်က တေး ဂီတဆုနဲ့ ဓာတ်ပုံ ဆု အသီးသီး ရရှိ သွားခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကားမှာ အသံဖမ်းတာ ကတော့ ဦးကြည် မဟုတ်ပါဘူး။ ဦးကိုကိုလွင် ပါ။ ဒါပေမယ့် ဦးကြည် က အသံအစအဆုံး ကို လုပ်ပေး ခဲ့ တာပါ။ ဒါပေမယ့် မှော်ကျောက်စာ နဲ့ အကယ်ဒမီ ရခဲ့တဲ့ အတွက် ပျော် ပါတယ်” လို့ပြောပြပေးပါတယ်။
နှစ်ထပ်ကွမ်း အကယ်ဒမီ ဦးကြည်မင်းသိန်းက From Bangkok To Mandalay ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးပေးခဲ့တဲ့ ထိုင်းဒါရိုက်တာ နဲ့ပဲ နောက်ထပ် ရုပ်ရှင် ဇာတ်ကားတစ်ကား ထပ်ရိုက် ဖို့ ဆွေးနွေးလျက် ရှိနေပါတယ်။
“ဒီတစ်ခေါက် မှာတော့ ဦးကြည်တို့ အနေနဲ့က မြန်မာကြိုက်မယ့် ဇာတ် လမ်းမျိုးကို ရိုက်ကူးပါမယ်။ မြန်မာ ဘက်ကိုနွယ်မယ့် ရိုက်ကူး တင်ဆက် မှုမျိုးပေါ့။ ကွာလတီအပိုင်း ကိုတော့ ဦးကြည်တို့ အနေနဲ့ လျော့ သွားမှာ မဟုတ်ပါဘူး။ ဇာတ်လမ်းကို တိုင်ပင် နေတဲ့ ကာလ ဖြစ်တဲ့အတွက် သေ ချာပြီဆိုတာ နဲ့ ပြောပြပေး သွားပါ မယ်” လို့ ပြောပြပေးခဲ့ပါတယ်။
ထက်လူ