
“ရင်မခုန်ပါဘူးဗျာ။ ကျွန်တော် ထက်တော်တဲ့သူတွေ အများကြီးပါ။ ပရိသတ်တွေ ကိုတော့ သရုပ်ဆောင် အနေနဲ့ အားပေးခဲ့တာရော၊ ဒါရိုက် တာအနေနဲ့ အားပေးခဲ့ ကြတာ ရော ကျေးဇူးတင်ပါတယ်။ ကျွန် တော့် ရင်ထဲက တကယ့် ဆန္ဒ အစစ်အမှန် ကို ပြောရရင် သရုပ် ဆောင် ဆိုတာထက် ဒါရိုက်တာ တစ်ယောက် အနေနဲ့ အကယ်ဒမီ ဆုကိုလိုချင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲဒါကလိုပါသေးတယ်” လို့ပြော ပါတယ်။ ဒီနှစ် အကယ်ဒမီ ပေးပွဲမှာ ထွန်းထွန်းကို အကယ်ဒမီ ဆုရစေ ချင်တယ်လို့ဆိုတဲ့သားညီက
“ကြားတာတော့ အစုံပါပဲ။ ကိုမြင့်မြတ်ရှိတယ်။ ကိုကျော်သူ ရှိ တယ်။ စိုင်းစိုင်းရှိတယ်။ ထွန်းထွန်းရှိ တယ်။ အများကြီးပါပဲ။ ကျွန်တော် အကယ်ဒမီရစေချင်တာတော့ ကိုထွန်းထွန်းပေါ့” လို့ပြောပါတယ်။
သားညီက ဖေ့ဘုတ်မှာလူကြိုက် များ နေတဲ့ Kelvin Kate၊ ထူး၊ စံရတီမိုးမြင့်တို့နဲ့ ကျေးရွာသင်္ကြန် ဇာတ်လမ်းဖြစ်တဲ့ သင်္ကြန် အလွဲများ Mini Series ကို ဒါရိုက်တာ တစ်ဦး အနေနဲ့ ပုံဖော် ရိုက်ကူးနေပါတယ်။ ဒီMini Series များကို အွန်လိုင်း ပေါ်မှာ တင်သွားမှာဖြစ်ပြီး Kelvin Kate နဲ့ ရိုက်ကူးဖြစ်ပုံကိုတော့ “သူကအွန်လိုင်းပေါ်မှာ သူ့ဘာသာ သူမိန်းမလိုရော ယောကျာ်း လိုရော မျိုးစုံ သရုပ်ဆောင် ဖူးပါတယ်။ ကျွန် တော်တို့လိုချင်တဲ့ ပုံစံမျိုးတော့ သူနဲ့ ပြန် ညှိရမှာပေါ့” လို့ပြောပါ တယ်။
ခိုင်ဝေလွင်