Voting မဲစနစ်တွေနဲ့ အကဲဖြတ်ဒိုင် မြင့်မိုးအောင်ရဲ့သုံးသပ်စကား

Voting မဲစနစ်တွေနဲ့ အကဲဖြတ်ဒိုင် မြင့်မိုးအောင်ရဲ့သုံးသပ်စကား
March 14, 2017 Asian Fame

Myint Moe Aung1

Voting မဲများနဲ့ အငြင်းပွားစရာအဖြစ်အပျက်နဲ့အတူ အကဲဖြတ်ဒိုင်တွေရဲ့ အခက်အခဲတွေကိုတော့ အိပ်မက်ဆုံရာ၊ မယ်လိုဒီဝေါစတဲ့ ဂီတပြိုင်ပွဲများနဲ့ ပြိုင်ပွဲများစွာကို အကဲဖြတ် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သူ တေးရေးဆရာ မြင့်မိုးအောင်ရဲ့အမြင်ကို မေးကြည့်ရာမှာတော့ ..

” ကျွန်တော်ကတော့ ဒါကို အခက်အခဲလို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်ထွန်းကားလာမှု တစ်ခုလို့ မြင်ပါတယ်။ နိုင်ငံရေးဘက်က ကြည့်ရင်လည်း အမြဲအပေါ်ကနေ ဆုံးဖြတ်တဲ့စနစ်ကနေ လူထုဘက်က နေ ဆုံးဖြတ်ခွင့်တွေရလာတယ်။ ဒါက တိုးတက်လာတာပေါ့။ အခက်အခဲလေးတွေကတော့ လည်း ရှိတတ် ပါတယ်။ ဥပမာ သီချင်း ဆိုပြိုင်ပွဲ နမူနာထားပြောပါမယ်။ ကျွန်တော်တို့ အကဲဖြတ်ဒိုင်တွေက ဆုံးဖြတ်တယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့မဲကို ဆုံးဖြတ်တာတွေရှိမယ်။ ပရိသတ်ရဲ့ မဲကိုဆုံးဖြတ်လိုက်တဲ့ အခါမှာတော့ အမေရိကလို နိုင်ငံမျိုးမှာဆိုရင်တော့ သူတို့ရဲ့ ပရိသတ်တွေက ဂီတကို ကျွန်တော်တို့နိုင်ငံမှာ ထက်ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ရှိတယ်။ ကျောင်း ပညာသင်ကြားကတည်းက ဂီတကို သင်ကြားခဲ့ရတာလေ။ နောက်တစ်ခါ သူတို့နိုင်ငံမှာ ပရိသတ်များတဲ့အခါ လူတွေများသွားတဲ့ အခါကျတော့ အဲဒီကရတဲ့ voting မဲက အမှန်တရားဘက် ပိုပြီး နီးစပ်တာပေါ့။

ကျွန်တော်တို့နိုင်ငံမှာတော့ လူအင်အားလည်းနည်းတယ်။ ပြည်သူလူထုကလည်း ဂီတအသိဗဟု သုတ နဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေထက် စာရင် တိုးတက်ထွန်းကားဖို့လိုသေးတဲ့အခါကျတော့ အနည်းအကျဉ်း တော့ အားနည်းချက်လေးတွေ ရှိကောင်းရှိနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့က ဒီလမ်းကြောင်းကိုပဲသွားရမှာဖြစ်တဲ့အတွက် ခိုင်မာအောင် လုပ်ဆောင်သင့်ပါတယ်။ အဲဒီတော့ ဒီလိုပရိသတ် voting တစ်ခုတည်းကို မသင့်တော်ဘူးလို့ ယူဆရင် အကဲဖြတ်ဒိုင်တွေရဲ့ ရာခိုင်နှုန်းတစ်ခုစီ အချိုးချပြီး လုပ်ဆောင်လို့လည်း ရတာပဲလေ။ အဲဒီတော့ နိုင်ငံရဲ့အနေအထား၊ ပတ်ဝန်း ကျင်ကိုကြည့်ပြီးတော့ တတ်နိုင်တဲ့ဘက်ကတော့ အမှန်တရားပေါ်လာ နိုင်တဲ့ဘက်ကို ဦးစားပေးရမှာပေါ့။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် နောက်ဆုံးကတော့ အနုပညာရှင် ကောင်းတစ်ယောက် ပေါ်ထွက်လာဖို့ အကဲဖြတ်ဒိုင်တွေရော၊ ပရိသတ် ရော ဝိုင်းဝန်းပြီး အကောင်းဆုံး ရွေးချယ်ကြတဲ့သဘောပဲ။ ဒီတော့ တကယ့် အနုပညာရှင်ကောင်း တစ်ယောက်ပေါ်ထွက်လာတဲ့ ရွေးချယ်မှုစနစ်တွေကို ကျွန်တော်တို့ က ပိုပြီးကြိုဆိုပါတယ်’ လို့ တေးရေး ဆရာမြင့်မိုးအောင်က ပြောပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*