Heineken Beer
Heineken Beer

လူကြမ်းတွေ ဘာကြောင့် အကယ်ဒမီ မရတာလဲ လူကြမ်း သရုပ်ဆောင် ဦးအောင်စည်ဟိန်း

လူကြမ်းတွေ ဘာကြောင့် အကယ်ဒမီ မရတာလဲ လူကြမ်း သရုပ်ဆောင် ဦးအောင်စည်ဟိန်း
March 13, 2017 Asian Fame

aung-c-heainအနုပညာ လောကမှာ နှစ်ပေါင်း များစွာ ဇာတ်ပို့လူကြမ်း သရုပ်ဆောင် အဖြစ် ကျင်လည်ခဲ့တဲ့ ဦးအောင်စည် ဟိန်းကလည်း အကယ်ဒမီ ကို မျှော်မှန်း ခဲ့ဖူးပါတယ်။ အခု လက်ရှိ နှောင်းပိုင်းမှာတော့ လူကြမ်းဇာတ်ပို့ သရုပ် ဆောင်များ အကယ်ဒမီ ရရှိမှု နည်းပါးလာခြင်း အကြောင်း ကိုလည်း ဦးအောင်စည်ဟိန်းက

“ရှင်းရှင်းပြောရရင် နေရာပေါ့။ မင်းသားတွေက ခွပြီးတော့ မင်းသားဘက် မှာလည်းလုပ်တယ်။ လူကြမ်း ဘက်မှာလည်း လုပ်ထားတယ်။ ဦးအောင်စည်တို့ လုပ်ကွက် ဘယ်မှာလဲ။ လုပ်ပိုင်ခွင့် ဘယ်မှာလဲ။ မပေးတော့မရ ဘူးပေါ့။ ပေးမှရတာ။ ပေးရင်အပိုင် လုပ်မှာပဲ။ တစ်ကွက်ပဲပေး၊ တစ်ကွက် အပိုင်လုပ်မှာ။ တံခါး ကြီးပိတ် ထားတယ်။ ဦးတို့ဝင် လို့မှမရတော့ ဘယ်လိုဝင်မလဲ။ အဲဒီလို ဖြစ်နေတယ်။ တံခါးဖွင့် ပေးလိုက်ပါလား။ ဖွင့်ပေးလိုက်ရင် ရအောင်လျှောက်မယ့်စိတ်က အပြည့် ရှိတာပေါ့။ လုပ်ပိုင်ခွင့်တွေက ဦးတို့ အပြည့်မရတဲ့ အတွက် မမျှော်မှန်းရဲပါဘူး။ လိုတော့လိုချင်တာပေါ့။ ကိုယ်တွေလည်း အနုပညာကို ချစ်လို့လုပ်လာခဲ့တာ” လို့ ဦး အောင်စည်ဟိန်းက သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*