Taeyeon ရဲ့ အမာခံပရိသတ် တစ်ဦးလို့ ဝန်ခံလိုက်တဲ့ Roy Kim Taeyeon ရဲ့ အမာခံပရိသတ် တစ်ဦးလို့ ဝန်ခံလိုက်တဲ့ Roy Kim March 7, 2017 Asian Fame လူငယ် အဆိုတော်လေး Roy Kim က Girl Generations အဖွဲ့ဝင် Taeyeon ကို ကြိုက်နှစ်သက်ကြောင်း ဝန်ခံလိုက် ပါတယ် ။ ဖေဖော်ဝါရီ ၂၈ က Roy Kim က Taeyeon ရဲ့ MyVoice အယ်လ်ဘမ် ဓာတ်ပုံကို သူရဲ့ instagram မှာ တင်ခဲ့ပြီး သူမရဲ့ သီချင်းတွေကို သူကြိုက်နှစ်သက်ကြောင်း ဖော်ပြ လိုက်ပါတယ်။ Roy Kim ရဲ့ပို့စ်ကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးက အရင်းနှီးဆုံး သူငယ်ချင်းတွေ လို့ ထင်ခဲ့ပြီး အခုလို မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ “Wow မင်းလည်း Taeyeon ကို သိတာပဲလား။ သူမရဲ့ သီချင်းတွေက တအားကို ကောင်းတယ်နော်။ ငါတို့လည်း Taeyeon ကို ချစ်ပါတယ်။ မင်း က ဂီတလောကက လူတွေ အားလုံးကို သိနေတယ်နော်” အစရှိ သဖြင့် ရေးသားခဲ့ပါတယ်။ Roy Kim ကတော့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေ မဟုတ်ကြဘဲ သူကသာ Taeyeon ရဲ့ အမာခံ ပရိသတ် တစ်ဦးဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ Share000 0 0 Newer ဧပြီလမှာ မျက်လုံးခွဲစိတ် ကုသမှု ခံယူရဦးမယ့် Bobby Soxer (ထက်ထက်) Older ဂီတဖြတ်သန်းမှု ၁၃ နှစ်အကြာမှာ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိလာပြီဖြစ်တဲ့ ဂျင်းနီ Comments (0) Leave a reply Click here to cancel the reply Your email address will not be published. Required fields are marked *CommentName * Email * Website Save my name, email, and website in this browser for the next time I comment. Notify me of follow-up comments by email. Notify me of new posts by email.