Heineken Beer
Heineken Beer

ဒီနှစ်အကယ်ဒမီဆုပေးပွဲက update ဖြစ်တဲ့အတွက် ပိုစိတ်ဝင်စားပါတယ် အကယ်ဒမီ ထွန်းအိန္ဒြာဗို

ဒီနှစ်အကယ်ဒမီဆုပေးပွဲက update ဖြစ်တဲ့အတွက် ပိုစိတ်ဝင်စားပါတယ် အကယ်ဒမီ ထွန်းအိန္ဒြာဗို
March 6, 2017 Asian Fame

Tun Eandar Bo

ထွန်းအိန္ဒြာဗိုက အကယ်ဒမီပွဲတက်ဖက်ရှင်ကိုတော့ အရင်နှစ်တွေလိုပဲ ဒီဇိုင်နာလတ်လတ်က ဖန်တီးချုပ်လုပ်ပေးမှာဖြစ်ပြီး သူ့ရဲ့အသက်အရွယ်က ဖက်ရှင် ဒီဇိုင်းဆန်းတာတွေ သိပ်မလိုက်ဖက်တဲ့အတွက် အမြဲတမ်းနှစ်စဉ်ဝတ် နေကျပုံစံအတိုင်း ရိုးရိုးပဲဝတ်မှာဖြစ်ကြောင်းပြောပါတယ်။ အကယ်ဒမီ ပွဲတက်ဝတ်စုံနဲ့ ပတ်သက်ပြီး အိုင်ဒီယာသိပ်မရှိဘဲ ဒီဇိုင်နာဆင်တဲ့ ပုံစံအတိုင်းပဲ ဝတ်ဆင်ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကို ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့်အပေါ် သူ့ရဲ့အမြင်ကို မေးတော့ ထွန်းအိန္ဒြာဗိုက..

” နေရာလေးကတော့ အကွက်အကွင်း ရှူခင်းတော်တော်လှတယ်။ ဒါပေမယ့် ကျွန်မတို့က ပိုးချိတ်တွေအားလုံးဝတ်ကြပြီးတော့ တအားအိုက်ပြီး ချွေးများပြိုက်ပြိုက် ဖြစ်နေ မလားပေါ့။ နောက်ပြီး ဖုန်တွေ ဘာတွေများ နေမလား ဆိုပြီး နည်းနည်းစိတ်ပူပါတယ်” လို့ ပြောပါတယ်။ ဒီနှစ် အကယ်ဒမီဆုကို ဘယ်သူတွေရရှိမယ်လို့ ကြားနေလဲလို့မေးကြည့်တော့..

” ကျွန်မကတော့ထင်တာ မဟုတ်ဘူး။ ကြားနေတာတော့ အမျိုးသား သရုပ်ဆောင်က ထွန်းထွန်းကိုကြားတယ်။ အမျိုးသားဇာတ်ပို့က ကိုလူမင်းကို လည်းကြားပါတယ်။ အမျိုးသမီးဇာတ်ပို့က မထူးမွန်လည်းကြားတယ်။ အမျိုးသမီး သရုပ်ဆောင်က ဝေဝေဝါးဝါးပဲ။ အူဝဲလို့လည်း ကြားပါတယ်။ ဒီနှစ် အကယ် ဒမီဆုပေးပွဲက update ဖြစ်တဲ့အတွက် ပိုစိတ်ဝင်စားပါတယ်။ ဒီနှစ်ပေးတာက လွန်ခဲ့တဲ့ ၂နှစ်က ဇာတ်ကားတွေအတွက် ဆိုတာမျိုးက သိပ်အဆင်မပြေဘူးပေါ့။ အခုတော့ ဒီနှစ်ဝင်တဲ့ ဇာတ်ကားတွေအတွက် ဒီနှစ်ကုန်မှာ ပေးတယ်ဆိုတဲ့ သဘောလေးက ကောင်းပါတယ်” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှု ၂နှစ်နီးပါး ရပ်နားခဲ့တဲ့ ထွန်းအိန္ဒြာဗိုက အခု နောက်ပိုင်းမှာ ဇာတ်ကား တော်တော်များများ ပြန်လည် ရိုက် ကူးနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဒါရိုက်တာသမီးမြတ်ကျော်နဲ့ “ခရမ်းရောင်ကြိုး” ဇာတ်ကားရိုက်ကူးနေကြောင်း သိရပါတယ်။

” ကျွန်မအရင်က ဇာတ်ကား ရိုက်ကူးမှု ရပ်ကိုရပ်လိုက်တယ်။ ကျွန်မသားကိုလည်း အချိန်ပေး ဖို့ရှိမယ်။ တခြားကိုယ်လုပ်နိုင်တာလေးတွေ ပရဟိတတွေပဲဖြစ်ဖြစ်၊ လူမှုရေးလေးတွေပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာရေးပဲဖြစ်ဖြစ် အချိန်ပေးပြီး အေးဆေးနေမယ်ဆိုပြီး တစ်နှစ်ခွဲ ၂နှစ်နီးပါးလောက် ဘာလာလာ လုံးဝမရိုက်ဘဲနဲ့ ငြင်းပြီး တော့နေလိုက်ဖူးပါတယ်။ တကယ်တမ်းနေကြည့်တော့လည်း နှစ်အစိတ်လောက်က တောက်လျှောက်နေ့တိုင်း ပိတ်ရက်မရှိ အလုပ်လုပ်လာခဲ့တော့ လုံးဝမလုပ်ဘဲနဲ့ နားလိုက်တဲ့အခါလည်း နေရတာ သက်သောင့်သက် သာမဖြစ်ဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်လေးတွေ ရှိရင် ပြန်လက်ခံပြီး ရိုက်ဖြစ်နေပါတယ်” လို့ ထွန်းအိန္ဒြာဗို ကပြောပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*