Heineken Beer
Heineken Beer

အောက်ခြေကစပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ လမင်းကဗျာ

အောက်ခြေကစပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ လမင်းကဗျာ
February 27, 2017 Asian Fame

ZAW_1436

ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ဇာတ်ရံအရေးပါ

ဇာတ်ပို့ဇာတ်ရံက ဇာတ်ကား တစ်ကားအတွက် တော်တော်လေး အရေးပါတယ် လို့ မြင်ပါတယ်။ ညီမ ဆိုရင် ဖြတ်လျှောက် ကနေ အနုပညာ လောကကို စပြီးဝင်ခဲ့တယ်။ တစ်ခန်းပါ၊ နှစ်ခန်း ပါနဲ့ စရိုက်ကူးခဲ့ တယ်။ တစ်ဆင့်ပြီး တစ်ဆင့် တက်သွားရတာ။ အခုနောက်ပိုင်း ဆိုရင် အသစ်တွေလည်း အများကြီး ပေါ် လာတာကို တွေ့ရတယ်။ တချို့ အသစ်တွေ ဆိုရင် ဖြစ်ချင်ကျတော့ ပိုက်ဆံ မယူဘဲနဲ့ ရိုက်ကူးတာတို့၊ တချို့ကျတော့လည်း ကိုယ်က ပိုက်ဆံပေးပြီး ရိုက်ကူးရတာ မျိုးတွေ အများကြီး ရှိလာတော့ ကိုယ်တွေက အောက်ခြေ ကစပြီး ကြိုးစားလာခဲ့ ရတဲ့သူတွေကို ခေါ်မရိုက်ကူးတော့ အများကြီး နစ်နာတယ်။

အရင်နဲ့အခု ပြောင်းလဲမှု

အရင်တုန်းကနဲ့ ဘာတွေပြောင်းလဲမှုတွေ ရှိလဲဆိုရင် သိပ် မရိုက်ကူးရတော့ဘူး။ မရိုက်ကူး ရတော့ အခုကိုယ့် အဆက် အသွယ်လေး တွေနဲ့ နယ်တွေမှာ သီချင်း ဆိုဖြစ်တယ်။ တချို့ ရှုတင် မန်နေဂျာတွေ က ခေါ်မရိုက်ကူးတော့တာ လည်းပါတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မသိဘူး။ မေးတောင် မေးဖူးတယ်။ ဘာဖြစ်လို့ ခေါ်မရိုက်ကူးတာ လဲလို့ မန်နေဂျာ တစ်ယောက်ကို မေးဖူး တယ်။ သူဖြေတာက ချစ်သူရှိနေလို့ ခေါ်မရိုက်ကူးတာတဲ့။ ဆိုင်တော့ မဆိုင်ဘူးလို့ ထင်တယ်။ ညီမတို့ အသက်အရွယ် ဆိုရင် အိမ်ထောင်ပြုသင့်တဲ့ အရွယ်တောင် ရောက်နေပြီ။ ချစ်သူဆို တာကလည်း မိဘတွေ ကလည်း သဘော တူထားပြီးသား ဖြစ်တယ်။ အဲဒါကြောင့် ခေါ်မရိုက် ကူးဘူး ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။

ပြည်ပ ဇာတ်ပို့ဇာတ်ရံတွေနဲ့ ကွာခြားမှု

မြန်မာနိုင်ငံနဲ့တော့ အများကြီး ကွာခြားတယ်။ ဟိုမှာကျတော့ ဇာတ်ပို့ ဇာတ်ရံတွေ အိုက်တင်ကောင်းမယ် ဆိုရင် မင်းသား၊ မင်းသမီး အဖြစ် နဲ့တောင် ပြောင်းပြီး ရိုက်ကူး ပေးကြတယ်။ ဒီမှာကျတော့ ဇာတ်ပို့ ဇာတ်ရံတွေကို နှိမ်တယ်။ ညီမတို့ ကျတော့ ဟိုတုန်း ကတည်းက လုပ်လာတာဆိုတော့ အဲဒီလို နှိမ်တာမျိုးတွေကို ကို မလုပ်ကြပါဘူး။ အခက်အခဲ တော်တော် ရှိပါတယ်။ ရတဲ့ အနုပညာကြေးနဲ့ ဝတ်ရတဲ့ အဝတ်အစား နဲ့ မင်းသမီးတွေ ဝတ်သလို ကိုယ်လည်း ဝတ်ရတယ်။ ဒါပေမဲ့ ဇာတ်ပို့ ဇာတ်ရံ တွေရတဲ့ ပိုက်ဆံနဲ့ မင်းသား၊ မင်းသမီး တွေရတဲ့ ပိုက်ဆံနဲ့ သိသိ သာသာကြီးကွာတယ်။ ကွာတဲ့အခါ ကျတော့ မနည်းမီအောင် လိုက် ဝတ်ရတယ်။ ဘာမှမကျန်ဘူး။

တွယ်တာ၊ ချယ်ရီ
ဓာတ်ပုံ –  အောင်ဇော်မင်း

မိတ်ကပ် – လန်းလန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*