Heineken Beer
Heineken Beer

အဆက်မပြတ်စတမ်း

အဆက်မပြတ်စတမ်း
February 27, 2017 Asian Fame

tluu

လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး သူ ဝတ္ထုကို စဖတ်ခဲ့တယ်။ ဒါပေမဲ့ အရေးပေါ်လုပ်ငန်းအစည်းအဝေးတွေ ပေါ်လာလို့ ခရီးထွက်ရ၊ ပြေးရလွှားရနဲ့ ဝတ္ထုဆက်ဖတ် ခွင့်မရခဲ့ဘူး။ အစည်းအဝေးအပြန် ရထားပေါ်ရောက် မှပဲ စိတ်အေးလက်အေးပြန်ဖတ်ရတယ်။ ဇာတ်အိမ်အပေါ်ဇာတ် ဆောင်တွေအပေါ် သူတဖြည်းဖြည်းနဲ့ ပိုပိုပြီး စိတ်ဝင်စားလာခဲ့ပြီ။

အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ အလုပ်ကိစ္စအတွက် ကိုယ်စားလှယ် လွှဲစာရေးပေး။ သူ့ဆောက်လုပ်ရေး မန်နေ ဂျာနဲ့ ပူးတွဲပိုင်ဆိုင်မှုကိစ္စအကြောင်း ဆွေးနွေးပြီး သူဟာ ဝတ္ထုထဲ မှာပဲ နှစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ရင်း စိတ်အေးလက် အေးဖတ်နိုင်ဖို့အတွက် ပန်းခြံထဲဆင်း၊ ဝက်သစ်ချပင်အရိပ်အောက်ခိုလိုက်တယ်။ သူ့ရဲ့လက်စွဲ တော် ပက်လက်ကုလားထိုင်ကြီးကို ခင်းလိုက်တယ်။ အနှောင့်အယှက်ကင်းဖို့အတွက် တံခါးပေါက်ကို ကျော ခိုင်းထားလိုက်တယ်။ ပက်လက်ကုလားထိုင်က အစိမ်းရောင် ကတ္တီပါစကို ဘယ်လက်နဲ့ သိမှတ်မဲ့ ပွတ်သပ်ရင်း ဝတ္ထုရဲ့ နောက် ဆုံးခန်းတွေကို စဖတ်လိုက်တယ်။ ဝတ္ထုဇာတ်ကောင် နာမည်တွေ သူတို့ရဲ့ ဇာတ်လမ်းတွေဟာ သူ့ကိုတစ်မု ဟုတ်ချင်း လွှမ်းခြုံပစ်လိုက်တယ်။ သိမ်းသွင်းပစ်လိုက် တယ်။ စာလုံးတစ်လုံးချင်း၊ စာကြောင်းတစ်ကြောင်းချင်းကို အရသာခံပြီးဖတ်တယ်။ ပက်လက် ကုလားထိုင်ရဲ့ အစိမ်းရောင် ကတ္တီပါ စလွှမ်းထားတဲ့ ခေါင်းမှီပေါ် ခေါင်းကို သက်သက်သာသာ လေးတင်ထားတယ်။ လက်တစ်ကမ်းမှာ စီးကရက် တွေကို အဆင်သင့် ထားထားတယ်။ နေ့လယ်ခင်း လေညင်းဟာ ပန်းခြံ ထဲက ဝက်သစ်ချပင် တွေအောက်မှာ နူးညံ့ညင်သာစွာ ကခုန်နေခဲ့တယ်။ စာလုံးတိုင်း၊ စာလုံးတိုင်းဟာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ပုံရိပ်တွေအဖြစ် သူ့မြင်ကွင်းထဲ ပေါ်လာခဲ့တယ်။ လှုပ်ရှားလာခဲ့တယ်။ ဇာတ်လမ်းထဲမှာ သူဟာ တစ်ဆုံးတစ်စ နစ်ဝင်သွားခဲ့ပြီ။ နောက်ဆုံးခန်း တောင်ပေါ်က ဆင်းတဲ့ ကြိုးတပ်ကောင်းကင်ကားလေးထဲ သူကိုယ်တိုင်ရောက်နေခဲ့ပြီ။ မျက်မြင်သက်သေ ဖြစ်နေခဲ့ပြီ။ အမျိုးသမီး က ပထမဆုံး ရောက်လာခဲ့တယ်။ ခဏနေတော့ သူ့ချစ်သူ ဟာ မျက်နှာမှာ သွေးသံတရဲရဲနဲ့ ရောက်လာတယ်။ မျက်နှာက ဒဏ်ရာတွေကို အမျိုးသမီးက နမ်းဖို့ကြိုးစားပေမယ့် သူက ငြင်းလိုက်တယ်။ တော်ပြီ၊ လျှို့ဝှက်အချစ်တွေကို မလို ချင်တော့ဘူး။ ရင်ဘတ်ကြားထဲမှာ ဝှက်ယူလာတဲ့ ဓါးမြှောင်ဟာ ပူနွေးလာခဲ့တယ်။ သူတို့ နှစ်ယောက် အပြန်အလှန်မနားတမ်း နာနာကျည်းကျည်းပြောကြတဲ့ စကားပြောခန်းတွေဟာ စာမျက်နှာတွေကိုြေ>ွမမျိုသလို မျိုသွားခဲ့တယ်။ ချစ်သူ့ အနမ်းတွေ၊ အကြင်နာတွေ၊ အယုအယတွေ၊ အလီဘိုင်တွေ၊ ဘေးအန္တရာယ် ရန်စွယ်တွေ၊ ဖြစ်နိုင်တဲ့အမှားတွေ။ အချိန် တွေကုန်သွားခဲ့ပြီ။ မှောင်လာခဲ့ပြီ။

ခုတော့ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ကြတော့ဘူး။ တာဝန်ကိုယ်စီထမ်းဆောင်ဖို့ ညောင်ညိုပင် လမ်းခွဲကို သွားရတော့မယ်။ ကောင်းကင်ကား တံခါးဝမှာ ခွဲခွာကြပြီ။ အမျိုးသမီးက ဆန့်ကျင်ဘက်ကို ဦးတည်ထွက်ခွာ သွားခဲ့ပြီ။ ဆံနွယ်တွေလေထဲ တလွင့်လွင့်ဝဲနေတာကို ငေးကြည့်နေမိတယ်။ သူ ပြန်ဆင်းလာခဲ့ပြီ။ သစ်တော အုပ်တွေ သစ်ပင်တွေ တရိပ်ရိပ်။ ခွေးတွေက ဟောင်မယ်ထင် ရပေမယ့် မဟောင်ခဲ့။ ဆောက်လုပ်ရေးမန်နေဂျာဟာ ဒီအချိန်မရှိသင့်သလို တကယ်လည်း မရှိခဲ့။ လှေကားသုံး ဆင့်ကိုတက်၊ အတွင်းကိုဝင်၊ သွေးစွန်းနေတဲ့ နားထဲ အမျိုး သမီးရဲ့စကားသံတွေ ကြားနေဆဲ၊ ဧည့်ခန်းထဲ၊ နောက်တော့ ကော်ဇောခင်းထားတဲ့ လှေကား ထစ်တွေ၊ လှေကားထိပ်က တံခါးနှစ်ချပ်၊ ပထမအခန်းထဲ လူမရှိ၊ ဒုတိယအခန်းထဲ နတ္ထိ။ မီးဖိုခန်း၊ လက်ထဲကဓား၊ ဧရာမ ပြတင်းပေါက်ကြီးက အလင်းရောင်တွေ၊ ပန်းခြံ၊ တံခါးပေါက်ကို ကျောပေးခင်း ထားတဲ့ ပက်လက်ကုလားထိုင်ကြီးက အစိမ်းရောင်ကတ္တီပါ စနဲ့ကုလားထိုင်ပေါ်ထိုင်ပြီး ဝတ္ထုဖတ်နေတဲ့ လူရဲ့ခေါင်းတစ်လုံး။

A Continuity of Parks
Julio Cortazar (Argentine Novelist)

သင့်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*