မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲရဲ့ စတိတ် အပြင်အဆင် ပိုင်း အပါအဝင် အစီအစဉ် တစ်ရပ်လုံးကို ကြီးကြပ်သွားမယ့် ဂျွန်လွင်

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲရဲ့ စတိတ် အပြင်အဆင် ပိုင်း အပါအဝင် အစီအစဉ် တစ်ရပ်လုံးကို ကြီးကြပ်သွားမယ့် ဂျွန်လွင်
February 24, 2017 Asian Fame

JohnLwinအခုနှစ် မတ်လ(၁၈)ရက်နေ့မှာ ကျင်းပ ပြုလုပ်သွား မှာဖြစ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီးရဲ့ စတိတ် အပြင် အဆင်ပိုင်း အပါအဝင် အစီအစဉ် တစ်ရပ်လုံးကို Star Event Production မှ ဂျွန်လွင်ကနေ စီစဉ် ကြီးကြပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်က နည်းနည်းလေး ဆန်းအောင်စီစဉ်ဖို့ လုပ်ထားတယ်။ ဒါပေမဲ့ သူတို့ နဲ့တော့ ညှိရမယ်။ သူတို့ က ဒီလိုကြီး လုပ်ထားတာကို ကျွန်တော်က ဒီလိုလုပ် မယ်ဆိုပြီး အတင်းကြီးသွား ပြောင်းဖို့ ကျွန်တော့်မှာ လုပ်ပိုင်ခွင့် မရှိဘူး။ အဲတော့ ကျွန်တော်ညှိပြီး လုပ်သွားမယ်။ ပိုပြီး တိုးတက် ခေတ်မီတဲ့ ပွဲတစ်ပွဲဖြစ်အောင်တော့ လုပ်မယ်လို့ စိတ်ကူး ထားပါတယ်”လို့ ပြောပါတယ်။

အရင်နှစ်တွေက ကျင်းပခဲ့တဲ့ပွဲ ပုံစံကို လည်း လေ့လာထားတဲ့ ဂျွန်လွင်က တစ်ခါမှ မလုပ်ဖူးတဲ့ ပွဲတစ်ပွဲကို လုပ်ရမှာဖြစ်တဲ့ အတွက် အကောင်းဆုံး လုပ်မယ်လို့ ကြိုးစား သွားမှာ ဖြစ်ကြောင်းပြော ပါတယ်။

“ပွဲစီစဉ်တဲ့ သူတစ်ယောက် အနေနဲ့တော့ ဘယ်လိုဆန်း သစ်အောင်လုပ်မလဲ ဆိုပြီး စိတ်ကူးပြီး လုပ်သွားမှာပဲ။ ကျွန်တော် အရင်တုန်းက လုပ်ခဲ့တဲ့ ပွဲတွေကိုလည်း လေ့လာတာပါတယ်။ လေ့လာပြီး ရှေ့နဲ့နောက်မီ ငြမ်းပြီး အကောင်းဆုံး လုပ်သွားဖို့တော့ ကျွန်တော် ကြိုးစားထားပါတယ်။ ကျွန်တော် တစ်ခါမှ မလုပ်ဖူးတဲ့ပွဲ တစ်ပွဲကို လုပ်ရမှာ ဆိုတော့ ကျွန်တော်လည်း အကောင်းဆုံး လုပ်မယ်လို့ ကြိုးစားထားပါတယ်”လို့ ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*