Heineken Beer
Heineken Beer

နွေရာသီမှာ ကလေးငယ်တွေကို အင်္ဂလိပ်စာ ပညာဒါန သင်ကြား ပေးသွားမယ့် ဟန်သီ

နွေရာသီမှာ ကလေးငယ်တွေကို အင်္ဂလိပ်စာ ပညာဒါန သင်ကြား ပေးသွားမယ့် ဟန်သီ
February 24, 2017 Asian Fame

Han-Thiသရုပ်ဆောင်၊ အဆိုတော် ဟန်သီက လာမယ့် နွေရာသီမှာ ကလေးသူငယ်တွေကို အင်္ဂလိပ်စာ ပညာဒါန ၃လတာ သင်ကြား ပေးသွား မယ် လို့ သိရပါတယ်။ အင်္ဂလိပ်စာ အပြောပိုင်းကို အဓိက သင်ကြားပေး သွားမှာ ဖြစ်ပြီး အသက်အရွယ် ပိုင်းခြား သတ်မှတ်ထားတယ်လို့ ဟန်သီက ဆိုပါတယ်။ သင်ကြားပေးသွားမယ့် ဘာသာရပ် အကြောင်း နဲ့ပတ်သက်ပြီး…

“ဟန်သီက လူတော်တော် များများ စုမိရင် အချိန် ဇယားဆွဲပြီး စသင် ပေးမှာပါ။ တစ်ပတ်ကို ၂ရက်၊ တစ်ခါ သင်ရင် ၅ယောက် လောက်ပေါ့။ ဟန်သီ အခုကစပြီး သင်ချင်တဲ့ ကလေးလေး တွေကို  လက်ခံ ပေးနေပါတယ်။ အခုလာတာက လူကြီးတွေ ဆိုတော့ ဟန်သီ မသင်ပေးတတ်ဘူး။ ဟန်သီကလည်း အငယ်ဖြစ်နေတော့ လူကြီးကို သင်ပေးရမှာ နည်းနည်းခက်ပါတယ်။ ဒါကြောင့် အသက် ၈နှစ် ကနေ ၁၂နှစ် အထိကို သင်ပေး မှာပါ။ လူများရင်တော့ အချိန်လေး ခွဲခွဲ ပြီး သင်ပေးပါမယ်။ Speaking သင်ပေး မယ်။ သူများပြောရင်လည်း နားလည်ရမယ်။ ကိုယ်လည်းပြန်ပြီး ပြောနိုင်ရမယ်ပေါ့။ သူတို့ တတ်နိုင်သလောက်ကို ဟန်သီဆွဲ ခေါ်ပြီး သင်ပေးသွားမှာပါ။ နွေရာသီ သင်ပေး မှာဆိုတော့ ကလေးတွေ အတွက်လည်း အဆင်ပြေတာပေါ့” လို့ ဟန်သီက ပြောပြ ပါတယ်။

စာသင်ပေးရတာ မျိုးကို ဝါသနာပါ တယ်ဆိုတဲ့ ဟန်သီကို ဘာသာရပ် များစွာ ထဲက အင်္ဂလိပ်စာကို သင်ကြားပေးခြင်း အကြောင်းမေးမြန်းတော့ “ဟန်သီ ကိုယ်တိုင် ကလည်း ငယ်ငယ် ကတည်းက အင်္ဂလိပ်ကျောင်း တက်လာတယ်။ ကိုယ်က လည်း အင်္ဂလိပ်စာ ပိုင်းကို အားသာတယ်။ ကျွမ်းကျင်တဲ့ အတွက် ကိုယ်တတ်သလို သူများတွေလည်း တတ်စေ ချင်ပါတယ်။ ပညာဒါန အနေနဲ့လည်း ကိုယ် တတ်နေတာ လေးတွေကို ဝေမျှတာပါ။ ဟန် သီအရင်တည်းက ဒါမျိုးကို စိတ်ဝင်စားပါ တယ်။ တကူးတက သွားရောက်ကူညီရတဲ့ ပရဟိတ တစ်မျိုး မဟုတ်ပေမယ့် ကိုယ် လက်လှမ်းမီ သလောက်လေး ကူညီ ပေးတဲ့ ပရဟိတမျိုးပါ။ ဝါသနာ လည်း ပါတော့ ဒီလိုလုပ်ပေးရတာ ပျော်တယ်။ သေသေချာချာလေး လည်း လုပ်ပေးချင်ပါတယ်”လို့ ဟန်သီ က ပြောပါတယ်။

ဟန်သီက လတ်တလောမှာ ကြော် ငြာ ရိုက်ကူးမှုတွေ ပြုလုပ်နေသလို သီချင်းဆိုဖို့လည်း လက်ခံထားတယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*