အကယ်ဒမီ အတွက် ရင်ခုန်နေတဲ့ ထွန်းထွန်း

အကယ်ဒမီ အတွက် ရင်ခုန်နေတဲ့ ထွန်းထွန်း
February 24, 2017 Asian Fame

Tun-Tunသရုပ်ဆောင် ထွန်းထွန်းက အခုနှစ်ထဲမှာတော့ “ခိုးဆိုးလုနှိုက်”၊ “အုတ်ကြားမြတ်ပေါက်” စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီ ထူးချွန်ဆုရ သွားနိုင်တဲ့ စာရင်းထဲမှာ တစ်ပြေးနေပါတယ်။ ထွန်းထွန်း ကိုယ်တိုင်ကလည်း ဒီနှစ် အကယ်ဒမီဆု အတွက် ရင်ခုန်နေတယ်လို့ ဖွင့်ဟ ထား ပါတယ်။ အဲဒါကြောင့် ထွန်းထွန်း နဲ့ တွေ့ဆုံခိုက် အကယ်ဒမီနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့…

“အကယ်ဒမီပွဲ ကတော့ ကျွန်တော်နှစ်တိုင်း တက်နေတဲ့ ပုံစံအတိုင်း တက်မှာပါ။ ကျွန်တော် ကားလည်းပါတယ်။ အဲဒီအတွက် ရင်ခုန်ပါတယ်။ ပရိသတ်နဲ့ တသားထဲ ကျမယ့် အကယ်ဒမီ လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရော ၊ နောင်လာ မယ့် နှစ်တွေ တိုင်းက ဒီအနုပညာလောက အတွက် အဓိပ္ပာယ်ရှိတဲ့ ပွဲဖြစ်တဲ့ ကျွန်တော် အတွက်လည်း အမြဲတမ်း အဓိပ္ပာယ် ရှိပါတယ်” လို့ပြောပါတယ်။

ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီများ ဖြစ်တဲ့ မိုး၊ အားမာန်၊ R Square၊ Power King ရုပ်ရှင် ထုတ်လုပ်ရေး ၄ ခုက ခေါင်းဆောင် မင်းသား နေရာက ဇာတ်ကား ရိုက်ကူး မှုအတွက် ထွန်းထွန်းကို စာချုပ်ချုပ် ခဲ့ကြောင်း သိရပါတယ်။ “ကျွန်တော် ကုမ္ပဏီ လေးခုနဲ့ စာချုပ်ချုပ်ပြီး တော့ အလုပ် လုပ်နေပါ တယ်။ စာချုပ်တွေ အကုန် လုံးက ဒီတစ်နှစ် ထဲမှာ အပြီးရိုက်မှာ မဟုတ်ပါ ဘူး။ ခေါင်း ဆောင် အနေနဲ့ အလုပ်လုပ် ခွင့်ရတဲ့ အတွက်လည်း အတိုင်း မသိ ဝမ်းသာမိပါတယ်။ ယုံကြည်မှုကို လည်း အလွဲသုံးစား မဖြစ် အောင် ကျွန်တော် သက်သေ ပြပါမယ်။ တချို့ကားတွေဆို ၈ လလောက် အချိန် ယူပြီး ရိုက် ရမယ့် ဇာတ်ကား တွေ ပါတယ်။ အခု ကတည်းက စ တင်ပြင်ဆင် နေပါပြီ”လို့ ထွန်းထွန်းက ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*