လက်မှတ်တစ်စောင် ၁၈ဝဝဝ ပေးရတဲ့ ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်ရုံသစ် အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြောပြ

လက်မှတ်တစ်စောင် ၁၈ဝဝဝ ပေးရတဲ့ ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်ရုံသစ် အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြောပြ
February 24, 2017 Asian Fame
လက်မှတ်တစ်စောင် ၁၈ဝဝဝ ပေးရတဲ့ ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်ရုံသစ် အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြောပြ

KPSဂျပန်နိုင်ငံရဲ့ ရုပ်ရှင်လောက အကြောင်း သွားရောက်လေ့လာနေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က အခုအချိန် မှာတော့ ဂျပန်နိုင်ငံရဲ့ ရုပ်ရှင် စတူဒီယိုတွေ၊ ရုပ်ရှင်ရုံတွေကို လေ့ လာနေ ပြီဖြစ်ပြီး ဂျပန် ဒါရိုက်တာတွေ နဲ့လည်း တွေ့ဆုံနေပြီဖြစ်ပါတယ်။ ဒါ့အပြင်သူ့အနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ ဂျပန် ဘုရင့်နန်းတော် ကို သွားရောက် လေ့လာခဲ့ပြီး အဆိုပါနေ့ မှာပဲ ဂျပန်ရုပ်ရှင်ရုံ လေ့လာရေး အနေနဲ့ TOHO CINEMA  တွင် ရုပ်ရှင်ကြည့်ဖြစ်ခဲ့ပါတယ်။

KPS1“ရုပ်ရှင်ရုံ လက်မှတ်ခက တစ်စောင် ၁၈ဝဝယန်းပါ။ မြန်မာငွေ နဲ့ဆိုရင် ၁၈ဝဝဝကျပ်ပါ။ ဂျပန်နိုင်ငံ မှာ ဗုဒ္ဓဟူး နေ့ကို Lady day လို့  သတ်မှတ် ပါတယ်။ အဲဒီနေ့ ရုပ်ရှင် လက်မှတ်မှာ အမျိုးသမီးတွေ အတွက်ဆိုရင် ၁၁ဝဝယန်း ဖြစ်ပါတယ်။ TOHO CINEMA ကဂျပန် မှာ နောက်ဆုံးရုံ သစ်ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပြ ပါတယ်။ ဖေဖော်ဝါရီ လ ၁၆ ရက်နေ့ မှာတော့ ကာမာကူရ ဘုရားကို သွားရောက် ဖူးမြော်ခဲ့ပြီး ပဋ္ဌာန်းလည်း ရွတ် ဆိုဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာနိုင်ငံ ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြန်လည်ရောက် ရှိမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ  

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*