ပြောင်မြောက်သော အနုပညာပစ္စည်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်သည့် မြန်မာ့ရိုးရာ သစ်သားပန်းပုပြိုင်ပွဲ

ပြောင်မြောက်သော အနုပညာပစ္စည်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်သည့် မြန်မာ့ရိုးရာ သစ်သားပန်းပုပြိုင်ပွဲ
February 21, 2017 Asian Fame
ပြောင်မြောက်သော အနုပညာပစ္စည်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်သည့် မြန်မာ့ရိုးရာ သစ်သားပန်းပုပြိုင်ပွဲ

Pho Chit (2)

ဗဟိုသမဝါယမအသင်းနှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာသစ်သားပန်းပုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆နာရီက ဆရာစံပလာဇာတွင် ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်နှင့် ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ပွဲတော်ကျင်းပရေး ကော်မတီနာယက ဦးခင်မောင်အေးက ပွဲတော်ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက် ပြီး ရှင်းလင်းတင်ပြခဲ့သည်။ ၂ဝဝ၈ ခုနှစ်ကာလ နာဂစ်မုန်းတိုင်းဒဏ်ကြောင့် သစ်ပင် များ လဲပြိုပျက်စီးခဲ့ကြရသည်။ ထို့ကြောင့် ဗဟိုသမဝါယမ အသင်းနှင့် ကောင်းမြန်မာ အောင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးခင်မောင်အေးမှ ထင်းအဖြစ်ရောက်ရှိတော့မည့် အပိုင်းပိုင်းကျိုးပြတ်နေသည့် သစ်ပင်ကြီး၊ ငယ်များကို သစ်သားပန်းပုရုပ်များအဖြစ် ပြောင်းလဲသွားစေရန် သစ်သား ပန်းပုပညာရှင်များနှင့် ပေါင်းစပ်ကာ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် ပန်းပုရုပ်များကို မနားမနေထုလုပ်ခဲ့ပါသည်။ ထို့အတွက် အချိန်နှင့်ငွေ ကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ပန်းပုပညာရှင်များ၏ အနုပညာစွမ်းအားနှင့် ပေါင်း စပ်လိုက်တဲ့အခါ တန်ဖိုးမဖြတ်နိုင်သည့် ပန်းပုအနုပညာပစ္စည်းများအဖြစ်ရောက်ရှိ လို့ လာခဲ့ပါတော့သည်။

” ၂ဝဝ၉ ခုနှစ်မှာတော့ သစ်သားပန်းပုပညာရှင်များ ပိုမိုအားတက်လာစေဖို့နဲ့ ပြောင်မြောက်တဲ့ အနုပညာပစ္စည်းများ ပေါ်ထွက်လာစေဖို့အတွက် ရည်ရွယ်ပြီး နာဂစ် အလွန် မြန်မာ့အနုပညာပြိုင်ပွဲကြီးကို စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆုငွေများအပြင် အမှတ်တရ ရွှေဆွဲပြားများကိုပါ ချီးမြှင့်ခဲ့ပါတယ်။ ပြိုင်ပွဲအမျိုးအစားကို စိတ်ကြိုက်နဲ့ မော်ဒယ်ဆိုပြီး နှစ်မျိုးခွဲခြားပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်” ဟု ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပန်းပု ရုပ်တု များအနက်မှ ပြန်လည်ရရှိရန် ခက်ခဲသည့် ပန်းပုရုပ်တုများကို ပြန်လည်ရောင်းချ ခြင်းမပြုဘဲ မြန်မာ့အမွေအနှစ် လက်ရာ ပစ္စည်းများအဖြစ် ထိန်းသိမ်းထားရှိထားပြီး ပြည်တွင်းပြည်ပ အနုပညာမြတ်နိုးသူများ ကြည့်ရှုခံစားနိုင်စေရန် ပဲခူးမြို့အနီး ရွှေပြည်ပန်းပုရွာတွင် ခင်းကျင်းပြ သထားကြောင်းလည်း သိရပါသည်။ အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပထမဆုကို ဒါးပိန်မှ ပန်းပုဆရာကိုကျော်စွာက ရရှိခဲ့ပြီး နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်မှ ချီးမြှင့်ပေးခဲ့ပါသည်။

လင်းအက္ခရာ၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*