မောင်ဖြစ်သူ ဂျွန်ဂိုနဲ့ စုံတွဲသီချင်းတစ်ပုဒ်ပါဝင်မယ့် မြသင်းခြယ် ရဲ့ တစ်ကိုယ်တော်အခွေ

မောင်ဖြစ်သူ ဂျွန်ဂိုနဲ့ စုံတွဲသီချင်းတစ်ပုဒ်ပါဝင်မယ့် မြသင်းခြယ် ရဲ့ တစ်ကိုယ်တော်အခွေ
February 21, 2017 Asian Fame
မောင်ဖြစ်သူ ဂျွန်ဂိုနဲ့ စုံတွဲသီချင်းတစ်ပုဒ်ပါဝင်မယ့် မြသင်းခြယ် ရဲ့ တစ်ကိုယ်တော်အခွေ

  NayHtooNaing copy

သရုပ်ဆောင်၊ အဆိုတော် မြသင်းခြယ်ရဲ့ ဒုတိယမြောက် စီးရီး ခွေဖြစ်တဲ့ ‘လက်တွဲဖော်’ တေးစီးရီး မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၉ နာရီက Central Hotel  မှာ ကျင်းပခဲ့ပါတယ်။ ဒီစီးရီးခွေမှာ မြန်မာသံ တေးသီချင်း ၁ဝပုဒ်ပါဝင်တာဖြစ်ပြီး အဆိုတော် ဗညားဟန်၊ မိုးသက်နိုင်တို့နဲ့အတူ သီဆိုထားတဲ့ စုံတွဲသီချင်း ၃ ပုဒ် ပါဝင်ထားကြောင်းလည်း သိရပါ တယ်။ ဒီ ‘လက်တွဲဖော်’ စီးရီးခွေမှာ  သူ့ရဲ့မောင်လေး ဂျွန်ဂိုနဲ့ပါ စုံတွဲ သီချင်းသီဆိုဖို့ စီစဉ်ထားကြောင်း မြသင်းခြယ်က..

“ဒီစီးရီးခွေထဲမှာ မောင်လေး ဂျွန်ဂိုနဲ့ စုံတွဲသီချင်းတစ်ပုဒ် ဆိုမယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။ မောင်လေးအသံကို နားထောင်ဖူး တဲ့ သူတိုင်းသိကြမှာပါ။ မောင်လေးအသံလေးလည်း တော်တော်ကောင်း ပါတယ်။ အစ်မတို့မောင်နှမတွေ အမှတ် တရအဖြစ် စုံတွဲဆိုကြမယ် ဆိုပြီး မောင်လေးက မမျှော်လင့်ဘဲ ကျန်း မာရေးမကောင်းဖြစ်သွား တယ်။ သူက အစ်မကိုပြောတယ်။ သူ ဆယ်ရက်လောက်နေရင်   ပြန် ကောင်းလာမှာပါ မမကြီးရယ်ဆိုပြီး ဒီနေ့ထိ သူပြန်မလာတော့ပါဘူး။ အခု ဒီစီးရီး ခွေမှာ မောင်လေးမပါ ပေမယ့်လည်း အစ်မ အကောင်းဆုံး ကြိုးစားထားတယ်။ တေးရေး ဆရာတွေကလည်း အစ်မနဲ့လိုက်ဖက်မယ့် သီ ချင်းတွေကို ရေးစပ်ပေးထားတယ်။ အဓိက ကတော့ အစ်မက စကားသိပ်မပီတော့ တချို့ ဟာလေးတွေမှာ အလွဲလွဲလေးဖြစ်မှာ စိုးလို့ အနီးကပ်သင်ကြားပေးတယ်။ အဲဒါကြောင့်မို့ ဒီစီး ရီးခွေလေးကို အမှားအယွင်းနည်းတယ်လို့ အစ်မ ထင်မိပါတယ်။ အဲဒါကြောင့် အစ်မ သီချင်းလေး တွေကို နားထောင်ပေး စေချင် တယ်။ အားပေးစေ ချင်ပါတယ်။ မြသင်းခြယ်ကို အိမ်ထောင် ကျသွား လို့၊ ကလေးနှစ်ယောက်အမေဖြစ်သွားလို့ ဘေး ဖယ်မထားကြပါနဲ့။ အပျိုလေးတစ်ယောက် လိုမြင်ပြီး အားပေးစေချင်ပါတယ်”  လို့ ပြောပြ ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*