
မကြာခင်ကျင်းပတော့မယ့် ၂ဝ၁၆ အကယ်ဒမီဆုပေးပွဲကိုတော့ ပြည်သူ့ရင်ပြင်မှာ ကျင်းပဖို့ ရာနှုန်းပြည့် သေချာနေပြီဖြစ်ေ ကြာင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။ ဒီနှစ်အကယ်ဒမီဆုပေးပွဲ ကျင်းပပြီးရင်တော့ ဥက္ကဋ္ဌရာထူးက အနားယူေ တာ့မှာဖြစ်တဲ့အတွက် အကယ်ဒမီပေးပွဲက သူ့ရဲ့ဥက္ကဋ္ဌရာထူး နှုတ်ဆက်ပွဲ အနေနဲ့လည်း ဖြစ်တာကြောင့် ဒီနှစ်အကယ်ဒမီပေး ပွဲကိုတော့ အကောင်းဆုံးလုပ်သွားမယ် လို့ လူမင်းက ပြောပါတယ်။
“ပြည်သူ့ရင်ပြင်မှာကျင်းပဖို့ ရာနှုန်းပြည့် ကျိန်းသေပါတယ်။ နောက်တစ်ရက်၊ နှစ်ရက်ဆို Official Letter ထွက်ပါမယ်။ ဒီပွဲတစ်ခု စီစဉ်ရတယ်ဆိုတာ မလွယ်ပါဘူး။ အခက်အခဲပေါင်းများစွာရှိပါတယ်။ အကျပ်အတည်းပေါင်းများစွာလည်း ရှိတယ်။ ဒီပွဲကြီးကို အဆင်ပြေအောင်မြင်အောင် စီစဉ်ဖို့က နံပါတ် ၁၊ ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုပါ ပဲ။ နောက်ပြီး ဒီနှစ်အကယ်ဒမီပေးပွဲက ကိုယ့်ရဲ့နှုတ်ဆက် ပွဲလည်းဖြစ် နေတယ်ဆို တော့ ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်သွားမှာပါ။ ဆုချီးမြှင့်ပွဲ အခမ်းအနား အစီအစဉ် ပြင်ဆင်တာ တချို့တလေပြောင်း တာကလွဲလို့ ကျန်တာ အရင်အတိုင်း ပါပဲ။ ဆုအရေအတွက်တွေလည်း နဂိုသတ်မှတ်ချက်အတိုင်းပါပဲ” လို့ ပြော ပါတယ်။ လူမင်းက ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးပုံဖော်မယ့် ‘ဗီဇ’ ရုပ်ရှင်ဇာတ်ကားကြီးကို သူထူးစံ၊ နေဒွေး၊ ထူးခြား၊ ကြက်ဖ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ တို့နဲ့အတူ ရိုက် ကူးမှာဖြစ်ပါတယ်။ သရုပ်ဆောင်မယ့် ကာရိုက်တာက ထူးခြားတယ်လို့ ပြောလာတဲ့ လူမင်းက ဇာတ်ကားရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး..
“ကိုဝင်းထွန်းထွန်းနဲ့က ပြောစရာမလိုပါဘူး။ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ဇာတ် ကားတွေလည်း အများကြီးရိုက်ကူးခဲ့တယ်။ အခုနောက် ပိုင်းအများစုက ဟာသ ဇာတ်ကားတွေပဲ ရိုက်ကူးနေတော့ သူက ဟာသဇာတ်ကား မရိုက်ကူးတဲ့ ဒါရိုက်တာ ဆိုတော့ မဆုံဖြစ်တာ ကြာသွားတယ်။ အခု ပြန်ဆုံဖြစ်ကြတယ်ဆိုတော့ ဇာတ်လမ်း ကအစ ဝိုင်းပြီးတိုင်ပင်ကြတယ်။ ဆွေးနွေးကြ တယ်။ နောက်တစ်ခုက ထုတ်လုပ်သူ တစ်ယောက်က ဇာတ်လမ်းပေါ်မှာ ရူးသွပ်မှုရှိတာကို အနုပညာဖန်တီးသူတွေက ပိုဝမ်းသာတယ်။ ကြိုလည်းကြိုဆိုတယ်။ အားလုံးဝိုင်းပြီး ပူးပေါင်းအနုပညာပုံ ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားမှာ ကိုယ့်ကာရိုက်တာက ထူးခြားပါ တယ်” လို့ ပြောပါတယ်။
တွယ်တာ