ဒီနှစ်အတွက် သင်္ကြန်မင်းသားလုပ်ဦးမယ့် တေးရေးစိုးလင်း

ဒီနှစ်အတွက် သင်္ကြန်မင်းသားလုပ်ဦးမယ့် တေးရေးစိုးလင်း
February 21, 2017 Asian Fame
ဒီနှစ်အတွက် သင်္ကြန်မင်းသားလုပ်ဦးမယ့် တေးရေးစိုးလင်း

soe lin

ဒီနှစ်သင်္ကြန်အတွက်ကတော့ တေးရေး စိုးလင်းစီစဉ်တဲ့ April Kings & April Queens သင်္ကြန်တေးစီးရီးတွေက သင်္ကြန်ချစ်သူ ပရိသတ်တွေဆီ တေးသံတွေလွင့်ပျံလာဦးမှာပါ။ April Kings မှာ စည်သူလွင်၊ ဂရေဟမ်၊ ဇော်ပိုင်၊ ဟဲလေး၊ ဒီယံ၊ အစ္စဏီ၊ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ အမွန်းတို့က ပါဝင်သီဆိုထားကြပြီး Aprils Queen မှာ ဆူဇီ၊ ရတနာမိုင်၊ အိမ့်ချစ်၊ ခင်စုစု နိုင်၊ အမွန်း၊ ထွန်းရတီ၊ ဂေဂေး၊ ဝိုင်းလေး၊ Jewel၊ ပန်းရောင်ခြယ်၊ ရွယ်ရွယ်၊ ယုယသံစဉ် တို့က ပါဝင်သီဆိုထားကြပါတယ်။ သူ့ရဲ့ တေးသီချင်းတွေအကြောင်းကို တေးရေးစိုးလင်းက..

” ဒီနှစ်အတွက် April Queens ၂ခွေထွက်မယ်ဆိုပြီး စီစဉ်ပါတယ်။ ရေးပါတယ်။ ရေးရင်း၊ ရေးရင်းနဲ့ ယောက်ျားလေးသီချင်းတွေက များသွားတယ်။ အဲဒါကြောင့် တစ်ခွေကို April Kings လို့နာမည်ပေးလိုက်ပါတယ်။ နောက်တစ်ခွေက ကျွန်တော်လုပ်နေကျအတိုင်း April Queens ပါ။ April Kings က ကျွန်တော်လုပ်နေကျပုံစံ လုံးဝမဟုတ်ပါဘူး။ မြန်မာဆန်တဲ့ သင်္ကြန်သီချင်းတွေပါ။ မြန်မာဆန်တဲ့ သင်္ကြန်သီချင်းတွေရှားသွားတဲ့အတွက် အဲဒီလိုမျိုးသီချင်း တွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေကို ရည်ရွယ်ပါတယ်။ April Queens ကတော့ ကျွန်တော်ရေးနေကျအတိုင်း သင်္ကြန်စာသားပါးပါးလေးနဲ့ ၁၂ ရာသီလုံးနားထောင်နိုင်မယ့်သီချင်းလေးတွေပါ” လို့ပြောပါတယ်။

စီးရီးခွေတွေကို April Kings ရဲ့ Audio CD ကတော့ ထွက်ရှိနေပါပြီ။ DVD ကိုတော့ ဖေဖော်ဝါရီလ ၁၂ ရက်၊စနေနေ့မှာ ထွက်ရှိမှာဖြစ်ပြီး Aprils Queens ရဲ့ CD ကိုတော့ ဖေဖော် ဝါရီလ ၁၁မှာ ထွက်ရှိပါမယ်။ DVD ကိုတော့ ဖေဖော်ဝါရီ ၁၈ မှာထွက်ပါမယ်လို့ တေးရေး စိုးလင်း က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*