Heineken Beer
Heineken Beer

‘ငါသည်အောင်ဆန်း’ ပြဇာတ်အခွေ ရောင်းရငွေများထဲမှ အမြတ်ငွေများကို ပြန်လည်လှူဒါန်းမည်

‘ငါသည်အောင်ဆန်း’ ပြဇာတ်အခွေ ရောင်းရငွေများထဲမှ အမြတ်ငွေများကို ပြန်လည်လှူဒါန်းမည်
February 21, 2017 Asian Fame

imaungs

မြို့ရွှေမန်းသားဖိုးချစ် စီစဉ် ရိုက်ကူး ပုံဖော်တင်ဆက်သည့် “ငါသည် အောင်ဆန်း” စင်တင်ပြဇာတ် DVDအခွေကို ဖေဖေါ်ဝါရီလ ၁၁ရက်နေ့ မှာ ပရီ စနစ်နဲ့ စတင်ဖြန့်ချိ လိုက်ပြီဖြစ်ပါတယ်။ ဒီအခွေကိုတော့ ဖိုးချစ်ရဲ့ မြို့ရွှေမန်းသား ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး မှ ထုတ်လုပ် ဖြန့်ချိတာပဲဖြစ်ပါတယ်။

“ငါသည်အောင်ဆန်း” ပြဇာတ်ကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီမောင်ယဉ်အောင် (မြို့ တော်)၊ မြို့ရွှေမန်းသား ဖိုးချစ်ဦးဆောင်ကာ အနုပညာရှင်ပေါင်းများစွာ ပါဝင်ဂုဏ်ပြုတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။ ဂီတမှုးအနေနဲ့ အကယ်ဒမီမြန်မာပြည် ကျောက်စိမ်းက တီးခတ်ပေးထားပြီး တေးသီချင်းများကိုတော့ အကယ်ဒမီ စိန်မွတ္တား၊ သျှန်ထွန်း (မြန်မာစာ)တို့က ရေးစပ်ပေးထားပါတယ်။ ဒီပြဇာတ်ကြီးက ရန်ကုန်အပါအဝင် မြို့ကြီးတော် တော်များများမှာ စင်တင်ပြဇာတ်အဖြစ် ဇာတ်ခုံပေါ်မှာ ကပြတင်ဆက်ခဲ့ရာမှာ ပရိသတ်များ အားပေးနှစ်ခြိုက်မှု ရရှိထားတဲ့ ပြဇာတ်ကြီးပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားကျတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို တင်ဆက်ထားခြင်း ဖြစ်ပြီး ထူးခြားမှုအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဇာတ်ရုပ်နေရာမှာ မြို့ရွှေမန်း သား ဖိုးချစ်ကိုယ်တိုင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အခွေအဖြစ် ကြည့်ရှုချင်ကြတဲ့ ပရိသတ်များအတွက် ရည်ရွယ်ပြီး DVD အဖြစ် ပြန်လည်ထုတ်လုပ်ဖြန့်ချိ လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီအခွေရောင်းရငွေများထဲမှ အမြတ်ငွေများကို သဘင်ဘိုးဘွား ရိပ်သာ အလှူအဖြစ် ပြန်လည်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*