
သရုပ်ဆောင် ဝတ်မှုံရွှေရည်က ၂ဝ၁၆ ခုနှစ်အတွက် မြန်မာရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ‘ချစ်လှစွာသော အမုန်း’ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုး သမီးဇာတ်ဆောင်ဆုအတွက် အကယ်ဒမီတစ်ကြို ပေး ခံထားရသူပဲ ဖြစ်ပါတယ်။ မတ်လထဲမှာ ဒီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကျင်းပသွားေ တာ့မှာ ဖြစ်တာကြောင့် အခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်သံကို မေးတော့ ဝတ်မှုံရွှေရည်က…
“သိပ်မခုန်သေးဘူး။ နည်းနည်း လိုသေးလို့ လားမသိဘူး။ ကောင်းကြပါတယ်။ အဲဒီ ဇာတ် ကားမှာ မသက်မွန်လည်း ကောင်းတော့ ဘယ်သူပဲ ရရပါ။ မသက်မွန်ရရင်လည်း ကစ်ပျော် မှာပါပဲ။ ကိုဝိုင်းလည်း ကောင်းတာပဲလေ။ အဲဒီဇာတ် ကားမှာ ကစ်လည်း ပင်ပန်းတယ်။ အားလုံး လည်း ပင်ပန်းကြတယ်” လို့ပြောပါ တယ်။ ၂ဝ၁၆ခုနှစ် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာ ဝတ်မှုံရွှေရည် ပါဝင် သရုပ် ဆောင်ထားတဲ့ ‘ချစ်လှစွာသော အမုန်း’၊ ‘Bangkok to Mandalay’ နဲ့ ‘အနူးဘစ်’ ရုပ်ရှင် ဇာတ်ကား ၃ကား ပါဝင်ပြီး ‘ချစ်လှစွာေ သာ အမုန်း’ ရုပ်ရှင်ဇာတ်ကားက အပင်ပန်းဆုံးပဲဖြစ်ကြောင်း ပြောပါတယ်။
“အဲဒီ ၃ကားထဲမှာ ‘အမုန်း’ ဇာတ်ကားက အပင်ပန်းဆုံးဇာတ် ကားထဲမှာပါတယ်လို့ ပြောလို့ ရတယ်။ စိတ်ရော၊ လူရော တအား ပင်ပန်း ပါတယ်။ အဲဒီဇာတ်ကားကြည့်ပြီးတဲ့ သူတိုင်းသိမှာပါ။ ကစ်တစ် ချိန်လုံး စိတ်နှစ်ပြီး သရုပ်ဆောင်ရတယ်။ တစ်ချိန်လုံးပင် ပန်းပါ တယ်” လို့ စိတ်နှစ်ပြီး သရုပ်ဆောင်ဖြစ်ခဲ့ ကြောင်း ပြောပါတယ်။ အခုလို အကောင်းဆုံးကြိုးစားခဲ့မှုကြောင့် ပရိသတ်တွေက အကယ်ဒမီ တစ်ကြိုပေးကြတဲ့အပေါ် ဝတ်မှုံရွှေရည်က
“တချို့ပရိသတ်တွေကလည်း ကစ်ကို အကယ်ဒမီရ စေချင်ကြတယ်။ အဲဒီအတွက်လည်း ဝမ်းသာပါတယ်။ တအားကြီးတော့လည်း မမျှော်လင့်ထားပါနဲ့လို့။ ကံပါရင် တော့လည်း ရမှာပေါ့။ ကိုယ်ကတော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး သရုပ်ဆောင် ပြီးပြီပဲ” လို့ပြောပါ တယ်။
ဝတ်မှုံရွှေရည်က ၂ဝ၁၃ခုနှစ်မှာ ‘နင်စေရင်’ ရုပ် ရှင်ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆုကို လည်း ကောင်း၊ ၂ဝ၁၄ခုနှစ်မှာ ‘နှလုံးသားဖြင့် ပြုလုပ်သည်’ ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို လည်း ကောင်းရရှိခဲ့ကာ အကယ်ဒမီထူးချွန်ဆုနှစ်ဆုကို ပိုင် ဆိုင်ထားသူပဲ ဖြစ်ပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ- ရဲရဲ