ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ရုံ ၃၇ဝ ကျော်အကြောင်း ဇာဂနာပြောပြီ

ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ရုံ ၃၇ဝ ကျော်အကြောင်း ဇာဂနာပြောပြီ
January 31, 2017 Asian Fame
ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ရုံ ၃၇ဝ ကျော်အကြောင်း ဇာဂနာပြောပြီ

Za Ga Nar copy

“ကျွန်တော်တို့ တိုင်းပြည်မှာ ၁၉၈၈ခုနှစ် အရေးတော်ပုံကြီး ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ရုပ်ရှင်လောကမှာ ရုပ်ရှင်ရုံပေါင်း ၄၂၁ ရုံအထိရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ကတော့ ရုပ်ရှင်ရုံ ၄ဝ ကျော်ပဲ ရှိတော့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ရုံ တွေ ၃၇ဝ ကျော် ပျောက်သွားတယ်။ အဲဒီလိုပျောက်သွားတာ ဘာတွေ ဖြစ်ကုန်လဲ။ ကာရာအိုကေ ဆိုင်တွေ ဖြစ်ကုန်တယ်။ အနှိပ်ခန်းတွေ ဖြစ်ကုန်တယ်။ တချို့ဆိုရင် တိုက်တွေတောင် ဆောက်ကုန်တယ်။ ရန်ကုန်မြို့လယ်ကောင်ကို ကြည့်လို ရတယ်။ ပပဝင်းရုပ်ရှင်ရုံ နဲ့ ဂုဏ်ရုပ် ရှင်ရုံ နေရာဟာ ဆူးလေရှန်ဂရီလာ ကြီးဖြစ်သွားတယ်။ စင်ထရယ် ဟိုတယ် နေရာမှာက တော်ဝင်နဲ့ ယုဇန။ ဆာကူရာတာဝါ ဖြစ်သွားတဲ့ နေရာက ရဲရင့် ရုံ။ ဆုထူးပန် နဲ့ မြို့မ ရုံဆိုတာလည်း ပျက်နေပြီ မြေကြီး ချည်းပဲရှိတော့တယ်။ သီဟ ရုံဆိုရင် မြန်မာ့အလှ ဖြစ်သွားတယ်။

ဒါပေမဲ့ ဘယ်ရုပ်ရှင်သမားကမှ ကျွန်တော်တို့ ရဲ့ ရုပ်ရှင်ရုံတွေ ပြန်ပေးပါဆိုပြီး ဆန္ဒမပြဘူး။ ကျွန်တော်တို့ တောင်းလည်း မတောင်းဘူး။ ဘယ်သူကိုမှလည်း ကျွန်တော်တို့ အဲဒီလိုမျိုးမပြောဘူး။ ဒါပေမဲ့ ဘာဖြစ်ချင်လဲဆိုတော့ တကယ် တမ်းတော့ ဒါတွေက အစိုးရက တာဝန် ယူပေးရမှာ။ ဒါအစိုးရ တာဝန်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ပဲ ရောင်းစားတာလေ။ ဒါပေမဲ့ ကျွန်တော်တို့ မပြောခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လည်း ကျွန်တော်တို့ ညှိတယ်။ ညှိလို့ မရဘူး။ ကျွန်တော်တို့ ရှိပြီးသား ရုံတွေက လည်း ပြန်လည်းမရဘူး။ ပေးလည်းမပေးဘူး။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် အသစ် ဆောက် ကြမယ်။ ရုပ်ရှင်ရုံမရှိဘဲနဲ့ ရုပ်ရှင်ပြ ဖို့ဆိုတာတော့ဘယ်လိုမှ မဖြစ်နိုင် ဘူး။ ရုပ်ရှင်ပြဖို့အတွက် ရုံလုပ် မယ်ဆိုပြီးတော့ အခုအဲဒီစိတ်ကူးနဲ့ ရုံတစ်ရာစီမံကိန်းကို ထလုပ်ကြ တာ။ လက်ရှိအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့လည်း ကျွန်တော်တို့ ကြိမ်ဖန်များစွာ ဆွေးနွေးတယ်။ သူတို့လည်း လက်ငင်းဘာမှ လုပ်မ ပေးနိုင်ဘူး။ အဲဒီတော့ လုပ်ပေးနိုင် တာ တစ်ခုကို ထိုင်စောင့်နေရင် ဖြစ်မှာ မဟုတ်ဘူး။ ကိုယ်ဘာသာ ကိုယ် ထလုပ်ဖို့ပဲလိုေ တာ့တယ်။ ကျွန်တော်တို့မူအရ ကျွန်တော်တို့ အားလုံး စုစည်းပြီးတော့ ကိုယ့်ဘာ သာကိုယ်ပဲ လုပ်လိုက်တယ်။ ဘယ်သူ့ မှ ပြောမနေေ တာ့ဘူး။ ဒါပေမဲ့ အစိုးရက တာဝန်ယူပြီးလုပ်ပေးမယ်။ မြေနေရာပေးမယ်ဆိုရင်လည်း ကျွန်တော်တို့ ရုပ်ရှင်ရုံဆောက်မယ်။ မပေးလည်း နေပါစေ။ ကိုယ့် အားကိုယ်ကိုးပြီး လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ တကယ်တော့ သိမ်း သွားတဲ့ လူတွေမှာတော့ တာဝန် ရှိတယ်။ ကျွန်တော်တို့ ရုပ်ရှင် လောက ပစ္စည်းကို သူတို့သိမ်းသွား တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကတော့ အခုကိုယ့်နည်းကိုယ့် ဟန်နဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်စုဆောင်း ကြပြီး ရုပ်ရှင်ရုံတွေ ဖြစ်အောင်ပြန် လုပ်တဲ့ သဘောပါပဲ။ ကျွန်တော်တို့ အသက်တွေကကြီးပြီ မကြာခင်သေ တော့မှာ ကျွန်တော်တို့ သားတွေ မြေးတွေ လက်ထက်ကျရင် ဒီ ရုပ်ရှင်ရုံတွေ ကျန်ရစ်ခဲ့မှာပါ။

အဓိကကတော့ အစိုးရဘက်က (ကျွန်တော်လက်ရှိအစိုးရကို ပြော တာမဟုတ်ဘူး) ဘယ်အစိုးရတက် တက်၊ တက်တဲ့အစိုးရကတော့ ကျွန်တော်တို့ ရုပ်ရှင်လောကဆီက သိမ်းထားတာလေးတွေကို အစား ထိုးပြီး တစ်ခုနှစ်ခုတော့ ပြန်လုပ်ပေး ဖို့ တော့အရေးကြီးတယ်
ဆိုတာလေး ပြောချင်ပါတယ်” လို့ ဦးဇာဂနာက ရုပ်ရှင်ရုံ တစ်ရာစီမံကိန်းရဲ့ ပထမဦး ဆုံး ရုပ်ရှင်ရုံ မှော်ဘီဖွင့်ပွဲနေ့ မှာ ပြောထားခဲ့တာ ပဲ ဖြစ်ပါတယ်။

ဦးဇာဂနာကတော့ သူ့အမြင် အရ အခုလက်ရှိ ရုပ်ရှင်ရုံတစ်ရာ စီမံကိန်း တည်ဆောက်ပြီးစီးသွားရင် တောင်မှ လုံလောက်မှုရှိမှာ မဟုတ် သေးကြောင်းလည်း ဆက်လက် ဆိုပါတယ်။

“နောက်ထပ် တကယ်လိုအပ် နေတာက ကျွန်တော်တို့ ကောက်ယူ ထားတဲ့ ဆာဗေးအရဆိုရင် ၃၄ဝ လောက်အထိ လိုအပ်နေပါ တယ်။ ရုံတစ်ရာ ပြီးသွားရင်တောင် နောက် ထပ် ရုံ၂၄ဝ လောက်အထိကို လိုအပ် နေဦးမှာ ဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ။ ကျွန်တော်တို့က လည်း ရုံတစ်ရာပဲ ဆောက်နိုင်တယ် လောလောဆယ်မှာ။ ၂၄ဝ ဆောက်ဖို့ ဆိုတာကို ကျွန်တော်တို့အနေနဲ့ ကလည်း မနိုင်ဘူး။ အဲဒါကြောင့် တခြားလုပ်နိုင်မယ့် သူတွေရှိသေး ရင် ဝိုင်းကူမယ်။ အခုလည်း လိုက် ပြောနေပါတယ်။ လတ်တလောမှာ ကျွန်တော်တို့ အနေနဲ့လည်း တစ်ရာ ပဲ တည်ဆောက်နိုင်ပါတယ်။ ဘက်ဂျက်အရပါ။ ပိုက်ဆံမရှိတော့ ချေးလုပ်နေရ တယ်။ လောလော ဆယ် တစ်ရာ ပြီးအောင်အရင်လုပ်ပါမယ်”  လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*