
ဒီဇိုင်နာ မျိုးမင်းစိုး
၂ဝ၁၇ခုနှစ် အတွက်ကတော့ အရောင် ဖျော့ဖျော့လေးတွေ ခေတ် စား လာနိုင်ပါတယ်။ ရွှေရောင်ဆိုရင် ရွှေရောင် ထင်းထင်းကြီးတွေ မဟုတ် ဘဲ ရွှေအဖျော့လေးတွေ၊ ငွေဆိုရင် လည်း ငွေစစ်စစ် အရောင်မဟုတ်ဘဲ ခဲရောင်လေးတွေ၊ ပန်းရောင်ဆိုရင် လည်း ရွှေနဲ့ရောတဲ့ Pink Gold ပုံစံ လေးတွေ ဖန်တီးရတာ ပိုများလာပါ တယ်။ အခုလည်း ရွှေထိုင်မသိမ်းကို ဖန်တီးနေပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ အရောင်လေးတွေ ကပဲ ဒီနှစ်မှာ ပိုပြီး ခေတ်စား လာပါတယ်။ အစ်ကို ကတော့ ထိုင်မသိမ်းတွေကို ရှေးမူ မပျက်ဘဲ နန်းဆန်ဆန်လေး ဖန်တီးမယ်။ ပွဲတက်ဝတ်စုံတွေ ဆိုရင်လည်း အရောင်ဖျော့တဲ့ အပိုင်း သွားတာလေးတွေကို ဝတ်လာ တာကို တွေ့ရတယ်။ အမှန်ကတော့ အရောင်ထင်းထင်းကြီးတွေ မြင်ရ တာ ကြာတော့ အဖျော့လေး တွေကို ပြောင်းပြီး ဝတ်ဆင် လာကြတာပါ။ နောက်ပိုင်းမှာလည်း နန်းဆန်တဲ့ ဝတ်စုံလေးတွေကို နိုင်ငံတကာမှာ ပေါ်နေတဲ့ ကာလာလေးတွေ နဲ့ ပေါ်လာတဲ့ ပစ္စည်းလေးတွေ သုံးပြီး ပဝါလေးတွေ၊ အဖျားလေးတွေ၊ Pink Gold လေးတွေ နည်းနည်းပြောင်း ပြီး ချုပ်သွားမှာပါ။
ဒီဇိုင်နာ ဌေးဌေးတင်
“ဖက်ရှင်ကို လိုက်စားတဲ့ သူတွေ အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်း လေးတွေကို ဝတ်ဆင်တာက ကိုယ့် ဖက်ရှင်ပါပဲ။ လူတိုင်းအတွက် ဖက်ရှင်ဆိုတာ လိုအပ်ပါတယ်။ ဒီနှစ်မှာတော့ ခေတ်ပေါ်နဲ့ မြန်မာ ဝတ်စုံ ပေါင်းစပ် ထားတဲ့ ဒီဇိုင်း ဆန်းဆန်းလေးတွေ ခေတ်စားလာ မှာပါ။ အနောက်တိုင်း ဝတ်စုံမှာ ဆိုရင်လည်း Elegant ဖြစ်တဲ့ ပုံစံ မျိုးလေးတွေပေါ့။ အခု အကယ်ဒမီ လည်း နီးလာပြီ ဆိုတော့ ဒီဇိုင်း ဆန်းဆန်းလေးနဲ့ မြန်မာမှုပြုထားတဲ့ ပုံစံလေးတွေ ဒီဇိုင်း ဆွဲထားပါ တယ်။ လူငယ်လည်း ဆန်ရမယ်ပေါ့။ အနောက်တိုင်း ဝတ်စုံတွေ မှာလည်း ဒီဇိုင်း လွင်လွင်လေး နဲ့ ပခုံးပျောက် ပုံစံလေးတွေကို ဖန်တီး ဖြစ်တယ်။ အရောင်ထဲ မှာလည်း Pink Gold ပုံစံလေးတွေ ဖန်တီးမှာပါ။ ခေတ် လည်းမီပြီး မရိုင်းတဲ့ဒီဇိုင်းလေး တွေ ချုပ်သွားမယ်။ ပေါ့ပေါ့ပါးပါး လေး နဲ့ လူငယ်ဆန်တဲ့ ပုံစံလေးတွေ ကို လည်းဖန်တီးထားပါတယ်။ အကယ် ဒမီ အတွက်လည်း လူငယ်ဆန်ပြီး မြန်မာပွဲတက် ဝတ်စုံပီသတဲ့ ဒီဇိုင်း တွေ ချုပ်ဖို့လည်း စဉ်းစားထားပါ တယ်။
ဒီဇိုင်နာ မေမြတ်ဝါဆို
ဒီ၂ဝ၁၇ ခုနှစ် မှာတော့ အစက မြန်မာအင်္ကျီ ခါးတိုလေးတွေကို လက်ဖောင်း ဒီဇိုင်းလေးတွေနဲ့ ပေါင်း ပြီး ချုပ်ဖြစ်နေပါတယ်။ နောက်ပိုင်း ဝတ်စုံမှာလည်း အရင်ကတော့ ဂါဝန် အကားကြီးတွေ ဖန်တီးပေးရတယ်။ အခုတော့ ရေသူမ ပုံစံမျိုး အနောက် ပိုင်း အမြီးရှည် ပုံစံမျိုးလေးကို ချုပ်နေ ရပါတယ်။ မြန်မာဝတ်စုံမှာ မှ လက်ကလေးတွေကို ဆန်းဆန်းလေး ဖြစ်အောင် ဖန်တီးပေးရပါတယ်။ ဖက်ရှင်က လူတစ်ယောက် အတွက် ၁ဝဝ% အရေး မပါရင်တောင် ၉ဝ% လောက် အရေးပါပါတယ်။ အရင်က တော့ အပါးစ ပုံစံလေးတွေကို ဝတ် ကြတယ်။ အခုခြင်ထောင် ဇာပါးစ ပုံစံလိုမျိုး သိပ်မဝတ်ကြတော့ဘူး။ နောက်ကျော အလှကို ဖော်ပြီး အထူ စလေးတွေကို တွဲချုပ်ပြီး ဝတ်ဆင် လာကြပါတယ်။ Fancy ပိုင်းဆိုရင် တော့ အပေါ်ပိုင်းကို Crop Top ပုံစံ၊ ဂျင်းအတိုလေး တွေကို မိန်းကလေး တွေ ဝတ်ဆင် လာကြပါတယ်။ အစ်မ တို့ ဒီဇိုင်နာတွေ အနေနဲ့ အနုပညာ ရှင်ဆို ရင်တော့ ထွင်ပေးတဲ့ အပိုင်းတွေကို ပြချင်တဲ့ ဒီဇိုင်းတွေ ကို ပြလို့ ရပါတယ်။ Customer တွေ အတွက် ကတော့ သူတို့ အကြိုက် နေရာဒေသ ပေါ်မူတည်ပြီး ထွင် ဖြစ်ပါတယ်။ အစ်မ က ဖေဖော်ဝါရီလ ၁ရက်နေ့ မှာ လည်း Indonesia International Fashion Week မှာ မြန်မာမှုကို အခြေခံထားပြီး Modernize လုပ်ထားတဲ့ ဝတ်စုံ ၁၃ စုံ ပြသသွား မှာပါ။ ခေါင်းစဉ်က Modernize Traditional Myanmar နဲ့ပါ။