၆ကားမြောက် ဇာတ်လမ်းတွဲ ရိုက်ကူးဦးမယ့် အောင်မင်းခန့်

၆ကားမြောက် ဇာတ်လမ်းတွဲ ရိုက်ကူးဦးမယ့် အောင်မင်းခန့်
January 26, 2017 Asian Fame
၆ကားမြောက် ဇာတ်လမ်းတွဲ ရိုက်ကူးဦးမယ့် အောင်မင်းခန့်

MIN_3081သရုပ်ဆောင် အောင်မင်းခန့် က ၅ ကားမြောက် ရိုက်ကူးထားတဲ့ “ရတနာထဲက ရတနာ” ဇာတ်လမ်းတွဲ က မကြာခင်မှာ MRTV4 ကနေ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အောင်မင်းခန့်က ဘဝလေးဘဝကို သရုပ်ဆောင်ထားရ တာဖြစ်ပါတယ်။ ဒီ၅ ကားမြောက် ဇာတ်လမ်းတွဲ ကိုလည်း ရှေးအရင် က အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေလို ပရိသတ်များက အားပေးစေ လိုကြောင်း အောင်မင်းခန့် က ပြောပါတယ်။

“ကျွန်တော် ကတော့ ဒီဇာတ် လမ်းအတွက် ပရိသတ်တွေဆီကနေ feedback တွေ အများကြီး ကြားချင် ပါတယ်။ အများကြီး လည်း မျှော်လင့် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နေပြည်တော်မှာ နေပူ ကျဲတောက်မှာ နေပြီးတော့ ဘယ် လောက်ထိ ကြိုးစား ပြီး ရိုက်ကူးခဲ့ရလဲ ဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးပါ။ အဲဒီအတွက် ပရိသတ်တွေရဲ့ အား ပေးသံ၊ ပရိသတ်တွေရဲ့ လက် ခုပ်သံ လေးတွေကို တအားကြားချင် ပါတယ်။ ကျွန်တော်ရှေ့ မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေ လို ပရိသတ်တွေ အားပေးစေချင် ပါတယ်။ ကျွန် တော့် ကြိုးစားမှု လေးတွေကို ပရိ သတ်တွေ အသိအ မှတ်ပြုရင် ကျေနပ်ပါပြီ” လို့ မကြာခင် ပြ သတော့မယ့် “ရတနာထဲက ရတနာ” ဇာတ်လမ်းတွဲ အပေါ် မျှော်လင့်ချက် ကို အောင်မင်းခန့် က ပြောပြပါ တယ်။ အောင်မင်းခန့် က ဖေဖော်ဝါရီလထဲ မှာ ၆ကားမြောက် ဇာတ်လမ်းတွဲ ကို လည်းထပ်မံရိုက်ကူးသွားဖို့ ရှိကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲ က ပဉ္စလက် ဆန်ဆန် ဇာတ်လမ်းဖြစ် ကြောင်းနဲ့ ဒီဇာတ်လမ်း အတွက် ကြို တင်ပြင်ဆင်မှု များ ပြု လုပ်နေ ပြီဖြစ် ကြောင်း ကို အောင်မင်းခန့်က…

“ဒီဇာတ်ကား အတွက် အဝတ် အစား ဒီဇိုင်းတွေက ဝတ်နေကျပုံစံ နွမ်းနွမ်းဖတ်ဖတ် မဟုတ်ဘဲ နည်း နည်းရှေးရိုးကျမယ် လို့ ကျွန်တော် ထင် တယ်။ ရိုက်ကူးမှာ ကလည်း ပုဂံရွာအ နီးအနားတွေမှာ ရိုက်ကူး မှာဖြစ်ပါ တယ်။ အဲဒီတော့ ဒီဇာတ်လမ်း အတွက် ဝတ်စုံကို အားလုံး တိုင်ပင်နေ ကြတယ်။ ဒီ ဇာတ်လမ်းတွဲကလည်း ထူးခြားမှု ရှိမယ့် ဇာတ်လမ်းတွဲ ဖြစ် မှာပါ” လို့ ပြောပါတယ်။

အခု လတ်တလောမှာ တော့ အောင်မင်းခန့်က ဒါရိုက်တာ သားကြီး ရိုက်ကူးနေတဲ့ “က ကြိုးပျက် တိမ်တိုက်” ဗီဒီယိုဇာတ်ကား ကို ရွှေသမီးနဲ့အတူ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*