ပရိသတ် လက်မခံလောက်ဘူး ထင်တဲ့ ဇာတ်ရုပ်မျိုးဆိုရင် ငြင်းတယ် ခင်ဝင့်ဝါ

ပရိသတ် လက်မခံလောက်ဘူး ထင်တဲ့ ဇာတ်ရုပ်မျိုးဆိုရင် ငြင်းတယ် ခင်ဝင့်ဝါ
January 26, 2017 Asian Fame

K-(2)

ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားမှာ ကျောင်းသူ တစ်ယောက် အနေနဲ့ သရုပ်ဆောင်မယ့် ခင်ဝင့်ဝါ က ဒီဇာတ်ကားက လူငယ်ဆန်တဲ့ ဖန်စီဇာတ်ကား တစ်ကား ဖြစ်ကြောင်း ပြောပါတယ်။ ဂီတဘက်မှာ ပရိသတ်တွေ အားပေးမှုရ ရှိထားတဲ့ အဆိုတော် လွှမ်းပိုင်၊ ထွန်းထွန်း တို့နဲ့ တွဲဖက် သရုပ်ဆောင် သွားမှာဖြစ် ပါတယ်။

“ဒီဇာတ်ကားမှာ ညီမက ကျောင်းသူ၊ ငယ်ငယ်လေး ကတည်းက ကိုလွှမ်းပိုင်နဲ့ သူငယ်ချင်း၊ အကြောင်းကြောင်းကြောင့် သူနဲ့ စကားမပြောတော့ ဘူး။ အသက် ကြီးလာတဲ့အချိန်မှာ ကိုလွှမ်းပိုင်က ညီမကို စိတ်ဝင်စားတယ်။ ကျောင်းကလည်း ညီမတို့ ပုံမှန်တက်နေ တဲ့ တက္ကသိုလ်လို မဟုတ်ဘူး။ ဒီပလိုမာလိုမျိုး ကျောင်းမျိုးပေါ့။ free style  လေးတွေဝတ်ပြီး လူငယ် ဒီဇိုင်း လေးပါပဲ။ ပြင်ဆင်မှုကတော့ အဓိကက အဝတ်အစား ပိုင်းပါပဲ။ ကိုဝင်းလွင်ထက် လိုချင်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေကို ပြင်ဆင်ထားပါတယ်။ ညီမ အနေနဲ့ ကတော့ ဒီဇာတ် ကား ထဲက ကာရိုက်တာကို ပီပြင်အောင် ကြိုးစား သရုပ်ဆောင် သွားမှာပါ။ ဒီဇာတ်ကားက ပရိသတ် ကြည့်ဖူးနေကျ ဇာတ်ကားတွေ နဲ့ မတူဘဲ ကွဲပြားနေမယ် လို့ထင်ပါတယ်။ ပုံမှန်အချစ် ရိုမန့်ပဲ မဟုတ်ဘူး။ ဟာသလည်း ပါတယ်။ ရိုမန့် လည်း ပါတယ် ဆိုတော့ ပရိသတ် ကြိုက်မယ့် ဇာတ်ကားလို့ ယုံကြည်ပါတယ်” လို့ ပရိသတ် ကြိုက်နှစ်သက်မယ် လို့ယုံ ကြည်မှုရှိကြောင်း ခင်ဝင့်ဝါ က ပြောပါတယ်။ ခင်ဝင့်ဝါက လွှမ်းပိုင်နဲ့ ဂျာကင်ဟောင်းလေး ဇာတ်ကား ရိုက်ကူး ခဲ့ဖူးပြီး အဲဒီဇာတ်ကားက ပရိသတ်တွေ အားပေးမှု ရှိခဲ့ကာ မှတ် မှတ်ရရ ရှိခဲ့ရတဲ့ ဇာတ်ကား တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။   လတ်တလောမှာ ခင်ဝင့်ဝါက “တစ္ဆေအခြောက်” လို့ ယာယီ နာမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကို လူမင်း၊ မင်းမော် ကွန်း၊ ရဲလေး၊ ညီထွဋ်ခေါင်၊ ကျော်ကျော် တို့နဲ့ ရိုက်ကူးနေပြီး ဟာသဇာတ်ကား ဖြစ်ကြောင်း သိရပါတယ်။  ဇာတ်ကားတွေ ရုံတင်ပြသတဲ့အခါ အားနည်းချက် တွေမရှိအောင် ပရိသတ် တွေကြည့်ရတာ တန်အောင် အကောင်းဆုံး ကြိုးစားသွား မှာဖြစ်ကြောင်း ပြောပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မှု မရှိတဲ့ ဇာတ်လမ်းတွေ ဆိုရင်တော့ ငြင်းဖြစ် တယ် လို့ ဆိုတဲ့ခင်ဝင့်ဝါ က…”မကြိုက်ရင်တော့ ညီမတော့ ငြင်းတယ်။ ကိုယ် က ဟိုကာရိုက်တာ ရိုက်ချင်တယ်လို့ တောင်းဆိုတာတော့ မရှိဘူး။ ကိုယ့်ကို ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်ဆိုရင် ကိုယ့် အတွက် မလိုက်ဖက်ဘူး၊ ပရိသတ် လက်မခံလောက်ဘူး ထင်တဲ့ ကာရိုက်တာ မျိုးဆိုရင် ညီမငြင်းတယ်” လို့ ပြောပါတယ်။

သူ့ရဲ့အချစ်ရေး ကတော့ အေးဆေးပါပဲဆိုတဲ့ ခင်ဝင့်ဝါက ဇန်နဝါရီလ၂၉ ရက်နေ့မှာ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ပဒေသာကပွဲ ရဲ့ ပြဇာတ် ကဏ္ဍမှာ ပါဝင်ဖျော်ဖြေ သွားဖို့ ရှိကြောင်း လည်းသိရပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*