မျိုးကိုကိုစန်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းနဲ့ ပါတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲ

မျိုးကိုကိုစန်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းနဲ့ ပါတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲ
January 23, 2017 Popular

အလှမယ် တစ်ဦး ဖြစ်သူ မျိုးကိုကိုစန်း ဟာ Cele Cele Small Page ကိစ္စရပ်နဲ့ ပါတ်သတ်ပြီး သံသယ ရှိသူ အဖြစ် ဇန်န၀ါရီ ၁၇ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ ပြစ်မှု ကင်းရှင်းကြောင်းအတည်ပြု စစ်ဆေးချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပါတယ်။

ယနေ့ မနက်ပိုင်း မှာတော့ မျိုးကိုကိုစန်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းနဲ့ ပါတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ Orchid Hotel မှာ ပြုလုပ်ခဲ့ရာမှာတော့ ” အချုပ် ၃ ရက် ကျတာက ရေချိုး လိုက်တာနဲ့ ပျောက်သွားမယ့် အတိတ်မဟုတ်ပါဘူး” လို့ မျိုးကိုကိုစန်း က ဆိုပါတယ်။ ဒါ့အပြင် မျိုးကိုကို စန်း ရဲ့ မိခင်ဖြစ်သူကတော့ ” အခုလို ဆုံးရှုံး နစ်နာခဲ့ရမှုအတွက် နစ်နာအောင်လုပ်ခဲ့တဲ့ သူဘက်ကနေပြီး မျိုးကိုကိုစန်း ဟာ လုံးဝ အပြစ်ကင်းစင်ကြောင်းကို နိုင်ငံတော်ပိုင် သတင်းစာ ကနေ တရားဝင်တောင်းပန်မှုကို ၇ ရက်အတွင်း လိုချင်ပါ တယ် လို့  ပြောခဲ့ပါတယ်။

မျိုးကျော်( ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*