အမြန်လမ်းမှာ တည်ထားမယ့် စေတီတစ်ထောင်အစီအစဉ်မှာ နိဗ္ဗာန်ဆော် ပြုလုပ်ပေးနေတဲ့ ကိုပေါက်

အမြန်လမ်းမှာ တည်ထားမယ့် စေတီတစ်ထောင်အစီအစဉ်မှာ နိဗ္ဗာန်ဆော် ပြုလုပ်ပေးနေတဲ့ ကိုပေါက်
January 20, 2017 Asian Fame

ko pp

ဒါရိုက်တာ ကိုပေါက်က မြင့် မြတ်၊ ခင်လှိုင်၊ ဂျိုကာတို့နဲ့အတူ “ဘော်ဘော်ကထှော်” ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာတော့ ကျွန်းသားဇာတ်လမ်းဖြစ်တဲ့ အတွက် မြင့်မြတ်တို့ရဲ့ တက်တူးတွေကို မိတ် ကပ်အကူအညီနဲ့ ဖျက်ရတာကြောင့် ပြင်ဆင်ချိန်ကပဲ နေ့စဉ် နေ့တစ်ပိုင်းလောက်ပေးရတယ်လို့ ဆိုပါတယ်။

” ဒီဇာတ်ကားက ကျွန်းပေါ်က ကျွန်းသားတွေ မြို့ကိုရောက်လာတဲ့ ဇာတ်လမ်းပေါ့။ သူတို့ မြို့ကိုရောက် တဲ့အချိန်မှာ အလွဲလွဲအချော်ချော် တွေဖြစ်တဲ့ ဇာတ်ပါ။ ရိုက်ကူးရက်ကို ၁၅ ရက်ယူထားပါတယ်။ ရန်ကုန်နဲ့ ရေး သဘာဝကမ်းခြေမှာ ရိုက်ကူးပါမယ်” လို့ ကိုပေါက်က ပြောပါတယ်။ ကိုပေါက်က မှော်ဘီစမတောင် ဘုန်းဘုန်းဦးစီးပြီး အမြန်လမ်း မိုင် တိုင် ၁၁ဝ /၄ ဖာလုံမှာ တည်ထားကိုးကွယ်မယ့် စေတီတစ်ထောင် ဘုရားတည်ထားမှု အစီအစဉ်မှာ ကိုယ်တိုင်လည်း အလှူပါဝင်သလို နိဗ္ဗာန်ဆော်အဖြစ် ပါဝင်ဆောင်ရွက် ပေးနေပါတယ်။ သူကိုယ်တိုင်လည်း အရံ စေတီသုံးဆူလှူဒါန်းထားတဲ့ ကိုပေါက်က..

” စမတောင် ဘုန်းဘုန်းက စေတီတစ်ထောင်တည်ထားဖို့ပေါ့။ ၄၅ တောင်မြင့် စေတီအကြီးက တစ်ဆူ၊ အရံစေတီ ၉၉၉ ဆူ တည်မယ် ပေါ့။ အဲဒါကိုမှ ဆရာတော်က သုံး နှစ်စီမံကိန်းနဲ့ ၇ ရက် သားသမီး တွေအတွက် ဆရာတော်က စေတီ တည်ပေးတာပေါ့။ ဘုန်းဘုန်းက အလှူရှင်တွေအတွက် ဘယ်လိုစီစဉ် ပေးထားလဲဆိုတော့ အရံစေတီ တစ် ဆူကို ၈ သိန်း၊ အဲဒါကို တစ်လုံးတည်း မလှူနိုင်သေးရင် တစ်လကို တစ်သိန်းနဲ့ ရှစ်လခွဲပြီးလည်း လှူလို့ ရတယ်။ ပြီးတော့ အရံစေတီတစ်ဆူရဲ့ အလှူရှင်ကိုယ်တိုင် ဌာပနာလို့ရမယ့်၊ ထီး တင်လို့ရမယ့် အခွင့်အရေးမျိုးရှိ အောင် ဘုန်းဘုန်းက စီစဉ်ထားတယ်။ကိုယ့်ဘုရားကို ကိုယ်တိုင်ထီးတင်၊ ကိုယ်တိုင်ဌာပနာလို့ရတဲ့ အခွင့် အရေးရှိတယ်။ အဲဒီအစီအစဉ်မှာ ကျွန်တော်က ဘုန်းဘုန်းက ကိုယ့်ဘုန်းဘုန်းလည်း ဖြစ်တော့ ကိုယ်တိုင်လည်း စေတီလှူတယ်။ ဒီပရောဂျက် အတွက် မှတ်တမ်းရိုက်ကူးရေးတွေ ဘာတွေ တာဝန်ယူထားတယ်။ ကိုယ့် အနုပညာ ညီအစ်ကိုမောင်နှမတွေ ကိုလည်း နိဗ္ဗာန်ဆော်အနေနဲ့ ပါဝင်တာပေါ့။ ပြီးတော့ တချို့ကိစ္စလေးတွေမှာလည်း ပါဝင်ထားပါတယ်။ အခုတည်မယ့် ဘုရားကဘုရားလာ ဖူးတဲ့အခါ ရှုခင်းလေးတွေ ဘာတွေနဲ့ သာသာယာယာဖြစ်အောင်လည်း စီစဉ်ထားတယ်။ ဘုရားဖူးလည်း လာရင်းအပန်းဖြေလို့လည်းရမယ့် ဥယျာဉ်လေးတွေလည်းပါမယ်။ အဲဒီကိစ္စလေးတွေအတွက်လည်း ဘုန်းဘုန်းကို ဘေးက အကြံပေးတဲ့ အပိုင်းလေးတွေမှာ ပါဝင်ထားပါတယ်” လို့ ကိုပေါက်က ပြောပြခဲ့ပါ တယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*