Heineken Beer
Heineken Beer

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြက္ခဒိန်ထွက်ရှိ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြက္ခဒိန်ထွက်ရှိ
January 3, 2017 Asian Fame

calend

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့၂ဝ၁၇ ခုနှစ်အတွက် ပြက္ခဒိန်ကို နာမည်ကျော်မင်းသား၊ မင်း သမီးတွေနဲ့ စုစည်းပုံဖော် ရိုက်ကူးထားပြီး စတင်ရောင်းချ နေပြီဖြစ်ပါတယ်။ ရောင်းဈေးက တော့ ၁၅ဝဝ ကျပ်လို့ သိရပါတယ်။

” တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာရှိနေတဲ့ ဗီဒီယိုအခြေခံအဖွဲ့ရုံးတွေမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်အစည်းအရုံး ပြက္ခဒိန်ကိုတော့ နှစ်စဉ် နှစ်တိုင်းထုတ်ဝေပါတယ်။ ရောင်းချလို့ ရရှိလာတဲ့ ငွေကြေးတွေအကုန်လုံးကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ပုံငွေထဲကို ထည့်သွင်းတာ ဖြစ်ပါတယ်” လို့ ရုပ်ရှင်ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပြပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြက္ခဒိန်ကိုတော့ စုစုပေါင်း စောင်ရေတစ်သောင်းခွဲအထိ ရိုက်နှိပ်ထုတ်ဝေထားတာ ဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*