ကျွန်တော် အသုံးပြုခဲ့သော ဝေါဟာရများ

ကျွန်တော် အသုံးပြုခဲ့သော ဝေါဟာရများ
January 2, 2017 Asian Fame
ကျွန်တော် အသုံးပြုခဲ့သော ဝေါဟာရများ

naymyoပိုက်ဆံ နည်းနည်းချေးပါ။ ချိုဆိမ့်တစ်ခွက် နံပြားကပ်ခွာ တစ် ခု။ ဒီအကြောင်းတွေ ဘယ်သူ့မှ လျှောက်မပြောနဲ့။ ဟုတ်ကဲ့.. ဟုတ် ကဲ့။ ဟုတ်ကဲ့ ပါခင်ဗျ။ ဟုတ်ကဲ့ပါ ခင်ဗျ။ ဟေ့လူ ရှေ့ကနေ ကြားဖြတ် မဝင်နဲ့။ တစ်ကျပ်တန်းက ကြည့် လည်း ပရင့်ဆက်အင်ဖိုတိုဂရပ်ဖာ ပါပဲ။

ဟုတ်ကဲ့ပါခင်ဗျ။

ကျွန်တော် အသက် ၂ဝ ကျော် ပါပြီ။

အရောင်တွေထဲမှာ အပြာရောင် ကို ကျွန်တော် ကြိုက်တယ်။ လူငယ် ဘဝ တစ်ခုလုံးပဲ။ ဒီစာအုပ်က တန်ဖိုး ဘယ်လောက်လဲ။ ငယ်နာမည် ဖိုး ကုလားပါ။ ဖောင်တိန်တစ်လက်၊ စာ ရွက်အနည်းငယ်၊ ခဲတံတစ်ချောင်း၊ မင်အိုးတစ်ခု။ တနင်္ဂနွေနေ့ တစ်နေ့။ ငြိမ်သက်ခြင်း၊ ရိုးရှင်း လွယ်ကူမှု။ နှစ် လိုဖွယ် ကောင်းမှု။

ကျွန်တော် အသက် ၃ဝ ကျော် ပါပြီ။

ဒါကြောင့် မင်းကို အစ ကတည်း က ငါပြောသားပဲ။ ငါနွေးတယ်။ ငါ ဗိုက်ဆာတယ်။ ငါလက်ဖက်ရည် တစ် ခွက်လောက် သောက်ချင်တယ်။ မင်း သိတဲ့အတိုင်းပဲ။ ပဲနံပြား။ မုန်လာဥ၊၊ ချဉ်ပေါင်ရွက်။ ထောပတ်ပဲ။ မီးသွေး။ ဆီအစိတ်သား။ ငရုတ်သီး စိမ်း။ စိမ်း စားငါးပိ။ ဒီအသားတုံးက မင်းစား ပါ။
ကျွန်တော်က အသက် ၄ဝ ကျော်ပါပြီ။

သိပ်ခွကျတာပဲ။ အဲဒါ ကျွန်တော် မသိဘူး။ အဲဒါ ကျွန်တော်မဟုတ်ဘူး။ ဖောင်တိန်တစ်လက်။ စာရွက် အနည်းငယ်။ ခဲတံတစ်ချောင်း၊ မင် အိုးတစ်ခု။ ဟိုးရှေးရှေးတုန်းက.. သြော်..ဖြစ်မှဖြစ်ရလေ။ အားလုံး ပေါင်း တစ်သောင်းနှစ်ထောင့် ငါး ရာကျပ်တိတိ။ ရပါတယ်၊ ကိစ္စမရှိ ဘူး။ သူ့အကြောင်း ကျွန်တော် သိ တယ်။ ဒီလိုပါပဲဗျာ။ ထန်းပင်မြစ်၊ ပဲမြစ်၊ အာတာလွတ်ဥ၊ ပြောင်းဖူး၊ ပိန်းဥ၊ မုန်ညင်းစော၊ ငရုတ်သီး ထောင်း။ မီးဖွင့်ထားတယ်။ ဒီနေ့ နည်းနည်းအေးတယ်။ ရေနွေးပူပူ တစ်ခွက်။ လက်ဖက်ခြောက်။ ဘေထုပ် အဟောင်းထည် တစ်ထည်။ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ရေ ဖလား။ ငါတော့ အိပ်ရေးဝပြီ။ ဖောင် တိန်တစ်လက်၊ စာရွက် အနည်းငယ်။ ခဲတံတစ်ချောင်း၊ မင်အိုးတစ်ခု။ တစ် ကျပ်တန်းက နှစ်စောင်ပေးပါ။

ကျွန်တော် အသက် ၅ဝ ကျော် ပြီ။

ငါ့ဘာသာ အေးအေးဆေးဆေး နေပါရစေ။

နေမျိုး

(သည်စာစုငယ်ကို ရေးမယ်လို့ စိတ်ကူးခဲ့စဉ် က ကတ်တလောက် ပုံစံ၊ စာရင်းဇယား ပုံစံ ပဲ။ ကော်လာ့ခ်ျ နည်းနည်း ဆန်ဆန် ဖြတ်၊ ညှပ်၊ ကပ် ပုံစံမျိုးလည်း ပါချင်ပါမှာပေါ့။ ရည်ရွယ် ရင်းက စာဖတ်သူကို နှစ်လိုဖွယ် ကောင်းမှု တစ်ခု ရရှိစေချင်တာပါပဲ။ စာပေ အရေး အသား ပုံစံသစ်တွေ ထဲမှာ မီနီမယ်လစ်ဇင်၊ အနည်းဆုံးဝါဒဆိုတာကို တွေ့ရတော့ စိတ် ဝင်စားမိတယ်။ ဒါထက် မန္တလေးက သူငယ်ချင်း ကဗျာ ဆရာ စံညိမ်းဦးက ဘာမှ မရေးတော့တာသာ အနုပညာလို့ ဆိုလေ တော့ ကိုယ်ဘယ်လိုနေထိုင်သင့်တယ် ဆိုတာ ပြန် သတိပြု မိတော့တယ်။ သည်စာစုငယ် ကို ပြန်ဖတ်တော့ ကိုယ့်ဘာသာနှစ်လိုဖွယ် ကောင်းမှုကို နည်းနည်းလေးပဲ တွေ့ရတယ်။ ပြီးတော့ ကော် လာ့ခ်ျ လည်း မဟုတ်၊ ကတ် တလောက်ပုံစံလည်း မဟုတ်။ ဘာပဲဖြစ်ဖြစ် ပေါ့လေ ပေးပို့လိုက်ပါတယ်။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*