ကျန်းမာရေးအရ အနုပညာအလုပ်တွေ နှစ်ပတ်ကြာနားရမယ့် မေခလာ

ကျန်းမာရေးအရ အနုပညာအလုပ်တွေ နှစ်ပတ်ကြာနားရမယ့် မေခလာ
December 27, 2016 Asian Fame
ကျန်းမာရေးအရ အနုပညာအလုပ်တွေ နှစ်ပတ်ကြာနားရမယ့် မေခလာ

makalar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဒီဇင်ဘာလ ၁၆ နေ့က စတီရီယို တေးသံရှင် မေခလာဟာ အလုပ်ကိစ္စအတွက် သွားရောက်ရင်း ဘန်ကောက်မှ Bumrungrad ဆေးရုံမှာ Medical check- up လုပ်ဆောင်ခဲ့ပါတယ်။ Medical check- up လုပ်ကြည့်တဲ့အခါမှာတော့ အမျိုးသမီးတွေဖြစ်တတ်တဲ့ အရည်လုံးတွေကို တွေ့ရှိရတဲ့အတွက် ခွဲစိတ်ဖို့အထိလုပ်ခဲ့ရပါတယ်။ ခွဲစိတ်ချိန် ၄နာရီ ကြာခဲ့ပြီး ကုသမှု အောင်မြင်ခဲ့ပါတယ်။ ဆေးရုံမှာတော့ ၃ ရက်ကြာ နေထိုင်ခဲ့ရပြီး မြန်မာပြည်ကို ဒီဇင်ဘာလ ၂ဝ ရက် နေ့က ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး မေခလာက ..

” အစ်မ အော်ပရေးရှင်းဝင်တာ ၄ နာရီကြာခဲ့ပေမယ့် မြတ်စွာဘုရားရဲ့တန်ခိုးတော်ကြောင့် ဝင်သက်ထွက်သက်ကို မှတ်ရင်းနဲ့ပဲနေလိုက်တာ ဘာမှ မခံစားလိုက်ရပါဘူး။ ခွဲစိတ်ပြီး ၂ ရက်အကြာမှာပဲ ဘန်ကောက်မှာ ဈေးဝယ် ထွက်လိုက်ပါသေးတယ်။ ဒါကြောင့် ပရိသတ်တွေအားလုံး စိတ်မပူကြပါနဲ့။ အဓိကတော့ စိတ်ပါပဲ။ စိတ်ကောင်းထားရင် ကောင်းတဲ့အကျိုးပေးမယ်။ အဓိက ကတော့ စိတ်ဓာတ်မကျသွားဖို့ပါ။ ပြီးတော့ ရတနာသုံးပါးရဲ့ တန်ခိုးတော်ကြောင့် ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး။ အစ်မအလုပ်ကို လောဘကြီးပြီး ကျန်းမာရေးကို မကြည့်ခဲ့မိတာကြောင့်ပါ။ အစ်မက အမြဲတမ်းလှုပ်ရှားသွားလာနေတဲ့ လူတစ်ယောက် လေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုအရည်အလုံးတွေ ဖြစ်နေတာကိုလည်း မသိခဲ့ဘူး။ ရောဂါလက္ခဏာ ဘာမှလည်းမပြဘူးလေ။ ဒါပေမဲ့ check- up လုပ် လိုက်တော့မှ ဒါက ထွက်လာတာလေ။ ဒါကြောင့် ကျန်းမာရေးကို အမြဲတမ်း စစ်ဆေးပါလို့ ပြောချင်ပါတယ်” လို့ ပြောပြပါတယ်။ မေခလာက ခွဲစိတ်ပြီးခါစ ဖြစ်တဲ့အတွက် အိမ်မှာ ၂ ပတ်ကြာ အနားယူရမှာဖြစ်ပါတယ်။ အိမ်မှာ အနားယူရမှာ ဖြစ်တဲ့အတွက်လည်း ရှိုးပွဲတွေတော်တော်များများကို ဖျက်လိုက်ရပါတယ်။ နယူးရီးယား မှပဲ ပြန်လည်ဖျော်ဖြေဖြစ်မယ်လို့ ပြောလာတဲ့ မေခလာက..

” ခရစ္စမတ်ကတော့ အစ်မအိမ်မှာပဲ အေးအေးဆေးဆေး နားလိုက်တော့မယ်။ ပွဲကြီး ၅ ပွဲလောက်ဖျက်လိုက်ရတယ်။ Company ပွဲတွေလည်း ဖျက်လိုက်ရတယ်။ နယူးရီးယားမှာတော့ မော်လမြိုင်မှာ သွားရောက်ဖျော်ဖြေဖြစ်မယ်။ နယူးရီးယားကျတော့ အစ်မနားတဲ့ ရက်လည်း ပြည့်သွားပြီ။ ပြီးတော့ ဆရာဝန်ကလည်း ပြောတာက သွားလို့ရတယ်။ လမ်းကြမ်း တွေသာ မသွားနဲ့တဲ့။ အဲဒါလေးတော့ ရှောင်ရမှာပေါ့++ လို့ ပြောပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*