နှစ်သစ်

နှစ်သစ်
December 26, 2016 Asian Fame
နှစ်သစ်

akyitawမကြာခင် ရက်ပိုင်း အတွင်းမှာ တင် ခုနှစ်တစ်ခု အဖြစ် ၂ဝ၁၆မှ ၂ဝ၁၇ သို့ ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ အဲဒီလို ကူးပြောင်း တိုင်း လူတိုင်းရဲ့ပါးစပ်ဖျားမှာ “ခုချိန်ကစ ပြီး လူသစ်၊ စိတ်သစ် နဲ့ နှစ်သစ်မှာ နေ ထိုင်သွားတော့မယ်” ဆိုတာပါပဲ။ ပြီး တော့လည်း ဟုတ်တာ လည်း ဟုတ်ပါဘူး “လူဟောင်း၊ စိတ်ဟောင်း၊ အလုပ် ဟောင်း၊ ရည်းစားဟောင်း၊ ဘဝ ဟောင်း နဲ့ပဲ ပြန်လည် ပတ်သက်ကြ ရဦးမှာပါ”

ကျွန်တော်တို့ ဆီမှာက ကျွန်တော် တွေ့သလောက် ပြောရရင် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ နေထိုင်သူတွေက ပိုများ နေသလားပဲ။ ဆိုပါစို့ အလုပ် တစ်ခု လုပ် မယ်ဆိုရင်တော့

“ဘာ အလုပ်လုပ်ရပါ့” ဆိုပြီး တွေ ဝေတတ်ပါတယ်။ ဒါကို တစ်ယောက် ယောက်က “ဟိုအလုပ်ကောင်းတယ်၊ လုပ်ကြည့်ပါလား” ဆိုရင် ဇဝေဇဝါနဲ့
“ဟုတ်ရဲ့လား”
“ဟုတ်တယ်၊ ဘယ်သူတောင်အဲ ဒီအလုပ်နဲ့ ကြီးပွားနေပြီ” အဲဒီအသံ ကြားတာနဲ့ ခေါင်းထောင်ထပြီး

“အေး ဒါဆို ငါလည်း လုပ်ကြည့်ဦး မှ”ဆိုပြီး သူများ ပြောရာ အလုပ် ညွှန်ပြ ရာ အလုပ်ကို ကိုယ်နဲ့ လိုက်ဖက်မှန်းမသိ၊ မလိုက်ဖက်မှန်း မသိ ထလုပ်ကြတော့ တာ ပါပဲ။ ဆိုပါစို့၊ သူများက ထမင်းဆိုင် ဖွင့်ပြီး စီးပွားဖြစ်တယ် ဆိုပါတော့၊ ဒါကို မြင်ပြီး “ဟာသူတောင် ထမင်းဆိုင် ဖွင့်လို့ ကြီးပွားသေးရင်၊ ငါလည်း ဖွင့်မှာပေါ့” ဆိုပြီး ထမင်းဆိုင် ထဖွင့်တော့တာပါပဲ။ “သူရောင်းသလို ငါလည်း ရောင်းနိုင်တာ ပဲ” ဆိုတဲ့ စိတ်နဲ့ပါ။ မဟုတ်ပါဘူး။ “သူ ချက်သလို၊ အရသာ ရှိအောင် ကိုယ်ချက် တတ်ရဲ့လား” အရင်ဆန်း စစ်ရမှာပါ။ သူ များ ထမင်းရောင်းပြီး နာမည် ကြီးတာ၊ အလုပ်ဖြစ်တယ် ဆိုတာနဲ့ ကောက်ပြီး “သူလုပ်ရင် ငါလည်း လုပ်နိုင်ရမှာပေါ့” ဆိုတဲ့ စိတ်နဲ့ လုပ်တတ်ကြပါတယ်။ “လုပ်နိုင် တယ်” ဆိုတဲ့ စိတ်ထက်ကို “လုပ်တတ်ရဲ့ လား” ဆိုတဲ့ စိတ်က ပိုအဓိက ကျပါတယ်။ “သူလုပ်သလို ငါလည်း လုပ်နိုင်တယ်” ဆိုတဲ့ စိတ်ကသိပ် မှန်ကန်လှတာ မဟုတ်ဘူး။ ဆန်အိတ် ထမ်းရင်တောင် “သူတစ်အိတ် ထမ်းနိုင်ရင် ငါလည်း တစ် အိတ်ထမ်းနိုင် တာပေါ့” မျိုးနဲ့ တွက်ရင် တောင် ရေရှည်မှာ ခံနိုင်ရည်က ရှိချင် မှရှိမှာပါ။ သူက တစ်လ ထမ်းနိုင်ပေမယ့်၊ ကိုယ်က ဆယ်ရက်လောက် နဲ့လည်း ခြေ ကုန် လက်ပမ်း ကျသွားနိုင်ပါတယ်။ တချို့ ကလည်း ထင်ကြပါတယ်။

“အတူတူ လုပ်တာပဲ၊ သူကကံ ကောင်းလို့ ဖြစ်တာပါ” ကံဆိုတာ အလုပ် ပါပဲ။ ခုနက ကျွန်တော်ပြောသလို ကိုယ် လုပ်တဲ့ အလုပ်က ကိုယ်နဲ့ မကိုက်ရင် ကံကောင်းဖို့ နည်းနည်း ဝေးပါလိမ့်မယ်။ ကျွန်တော် ထင်ပါတယ်။ လူဆိုတာ ကိုယ့်ရဲ့ အားသာချက်ကို အရင် ရှာရ မှာပါ။ မိတ်ကပ် ပြင်ချင်တဲ့ ကလေး တစ်ယောက် ကို လက်ဝှေ့ထိုးခိုင်းဖို့ ဆိုတာ အင်မတန် မဖြစ်တဲ့ ကိစ္စပါ။ အဲဒီလိုပါပဲ လက်ဝှေ့ ထိုး ချင် သူကို ကားဒရိုင်ဘာ လုပ်ခိုင်းရင် စိတ်တိုတို နဲ့ လျှောက်မောင်း ကုန်မှာပေါ့။ လူဆိုတာ ကိုယ့်ရဲ့ အားသာချက်ကို ကိုယ် အရင်ရှာ သင့် ပါတယ်။ ပြီးမှ ကိုယ်လုပ်ချင် တာက ကိုယ့်အားသာချက် နဲ့ ကိုက်ညီရဲ့ လား ပြန်သုံးသပ်ပါ။ ကိုယ်လုပ်တဲ့ အလုပ်က ကိုယ့်အားသာချက်နဲ့ မကိုက် ညီရင် မအောင်မြင်နိုင် ပါဘူး။ ဒါကြောင့် ခုလာ မယ့် အကူး အပြောင်း ၂ဝ၁၆ ခုနှစ်မှသည် ၂ဝ၁၇ ခုနှစ်မှာ အားလုံး လူသစ်၊ စိတ် သစ်နဲ့ ဘဝသစ်များ ပိုင်ဆိုင်နိုင်ကြပါစေ။

ပိုမိုကောင်းမွန်အဆင်ပြေတဲ့ ဘဝ တွေ ပိုင်ဆိုင် နိုင်ကြပါစေကြောင်း ဆု တောင်းလိုက်ပါတယ်။
အော်..ဒါနဲ့ ကျွန်တော်ကတော့ နှစ်သစ်တိုင်း လူသစ်၊ စိတ်သစ် နဲ့ နေရလို့ အသက်ကြီးချိန်ကို မရှိပါဘူး ခင်ဗျာ။

အကြည်တော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*