
“ဝမ်းသာပါတယ်။ အခုလို ဆုလေးတွေ ပေးတဲ့ အခါ ကျွန်တော်တို့ အနေ နဲ့လည်း လုပ်ရ ကိုင်ရတာ ပိုအားရှိတာပေါ့။ ကြိုးစားချင် စိတ်တွေလည်း ပိုတိုးစေတာပေါ့ဗျာ။ ကျွန်တော့် အနေနဲ့လည်း မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော့်သီချင်းတွေ ကလည်း အွန် လိုင်းကပဲ ပျံ့ခဲ့ တာ ဆိုတော့လေ။ စီးရီးခွေ ထွက်ရှိ တာကလည်း သိပ်မကြာသေးတော့ မမျှော်လင့်ပါဘူး။ အခုလို ရရှိတဲ့အပေါ်မှာလည်း ပီတိ ဖြစ် မိပါတယ် လို့ပြောတဲ့ မနောက ဒီရရှိတဲ့ဆု ကိုလည်း သူတည်ထား ကိုးကွယ်နေတဲ့ စေတီ တည်ရာမှာ ပါဝင် လှူဒါန်း သွားမယ်လို့ သိရ ပါတယ်။ မနောက သူ့ရဲ့မွေးရပ် ဇာတိမြေဖြစ်တဲ့ မန္တလေးတိုင်း မဇွန်မြို့နယ် ရွာသစ်ရွာမှာ ရွှေတိဂုံ စေတီ ပုံစံတူစေတီ တည်ထား ကိုးကွယ်နေတာ ကြာပြီဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ပြီးစီးလု ရှိပြီလို့လည်း သိရပါတယ်။
“ကျွန်တော် တို့က မိသားစု ညီအစ်ကို မောင် နှမ ၈ ယောက် ရှိပါတယ်။ အားလုံးရဲ့ အလှူ ပေါ့။ အရင် ကတည်းက တည်နေတာ။ အနုပညာ ကြေးတွေရော၊ တခြား ကျွန်တော် ရတဲ့ဝင်ငွေလေးတွေ ပါ စုပေါင်းပြီး တည် တာပါ။ အရင် ကတော့ လက်စမသတ်နိုင်ဘူး။ အခုတော့ အနုပညာကြေးလေး တွေလည်း စုမိလာတော့ အချောသပ်တဲ့ အပိုင်းတော့ ရောက်နေပါပြီ။ ဘယ်တော့ ထီးတော်တင်ဖြစ် မလဲ တော့ မမှန်းတတ်သေးဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက စတည်နေတာပါ။ ရွှေတိဂုံ စေတီတော် ပုံစံတူ ဘုရားပေါ့။ ဘုရား တည်ပြီး ထီးတော်တင်ပွဲ ကျရင်တော့ ကိုယ့်ဇာတိရွာ ကသူတွေကို အခမဲ့ ဖျော်ဖြေပွဲလေး တစ်ပွဲပြုလုပ်ဖို့တော့ စီစဉ် ထားပါတယ်” လို့ မနောက ပြောပြခဲ့ပါတယ်။
ရဲရဲ