Heineken Beer
Heineken Beer

အကယ်ဒမီနဲ့ လွဲခဲ့ဖူးတဲ့ ဒါရိုက်တာ ဟိန်းစိုးရဲ့ အကယ်ဒမီ မျှော်လင့်ချက်

အကယ်ဒမီနဲ့ လွဲခဲ့ဖူးတဲ့ ဒါရိုက်တာ ဟိန်းစိုးရဲ့ အကယ်ဒမီ မျှော်လင့်ချက်
December 26, 2016 Asian Fame

hein-soe“နှင်းဆီပန်သူ” ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ ရှေ့ဆောင် ရုပ်ရှင်ရုံ (၂) မှာ တစ်ရက် တာအဖြစ် ပွဲချိန် ၅ ချိန်ကို ပြသလိုက်ပြီ ဖြစ်တာမို့ ၂ဝ၁၆ ခုနှစ်ရဲ့ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားအဖြစ် မှတ်တမ်းဝင် ခဲ့ပြီဖြစ်ပါတယ်။ “နှင်းဆီပန်သူ” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက မန္တလေးမြို့ နဲ့ စစ်ကိုင်းမြို့တို့ဘက်တွေမှ လှပတဲ့ ရှုခင်းတွေနဲ့ ပုံဖော် ရိုက်ကူး ထားတာဖြစ် ပြီး အဓိက ဇာတ်ဆောင် တွေ အဖြစ် အကယ်ဒမီ နောင်နောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ဇော်ဦး၊ အကယ်ဒမီ ရဲအောင်၊ အကယ် ဒမီ မေသန်းနု၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် စတဲ့ သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဝတ္ထု ဇာတ်လမ်း ကတော့ လင်းယုန်နီ ဖြစ်ပြီး ဇာတ်ညွှန်း ကိုတော့ မယ်မင်းဘုံက ရေး သားထားတာ ဖြစ်ပါတယ်။ “နှင်းဆီပန်သူ” ရုပ်ရှင် ဇာတ်ကား ဟာ မူလက လာမယ့် ၂ဝ၁၇ ခုနှစ် သင်္ကြန် မရောက်မီ မတ်လ အတွင်း မှာ ရုံတင်ပြသဖို့ တာစူထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ဟိန်းစိုး ကတော့..

“ဒီဇင်ဘာလထဲ မှာ ရန်ကုန်မှာ ရုံတင်တဲ့ ရုပ်ရှင်ဇာတ် ကားတွေက အကယ်ဒမီ စာရင်းဝင်တယ်လေ။ အဲဒါကြောင့် ဒီဇာတ်ကားကို နယ်ရုံ မှာ မတင်တော့ဘဲ ဒီဇင်ဘာလ ၃ဝ ရက်နေ့ အထိ ရန်ကုန်မှာ ရုံတင်ရင် အကယ်ဒမီ စာရင်းဝင် သေးတော့ ရန်ကုန်မှာ လာပြကြ တာ ဖြစ်ပါတယ်။ ဒီတစ်ရက်ပဲ ပြတာပေါ့။ ၂ဝ၁၇ ခုနှစ် မတ်လမှာတော့ ဒီဇာတ်ကား ကို ပြသမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သင်္ကြန် အမီ ပြသမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဇာတ်ကားထဲမှာ မန္တလေး သင်္ကြန် ဖွင့်ပွဲကနေ အစအဆုံး ပါတယ်” လို့ ဆိုပါတယ်။ ဇာတ်ကား တစ်ခုလုံးကို အားရ ကျေနပ်မိပေမယ့် ဇာတ်ကား ရိုက်ကူးစဉ် က အခက်အခဲ ဖြစ်ပြီး မရိုက်ကူး လိုက်ရတဲ့ ဇာတ်ဝင်ခန်းလေးတွေ မထည့်လိုက်နိုင်တာ ကိုတော့ အားမရ ဖြစ်မိတယ် လို့ ဆိုပါတယ်။

“အကယ်ဒမီ ဆိုတဲ့ Target  ထဲကိုတော့ ဝင် အောင်ပစ်ရတာပဲ။ ပေးတဲ့သူတွေက Target  လွဲတယ် ဆိုရင်တော့ ကုသိုလ်ကံ ပေါ့လေ။ အကယ် ဒမီဆိုတာ နတ်ကြီးတာကိုး။

ဦးလည်း ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ ထဲမှာဆိုရင် “ပန်းပျိုးသူတို့ အလင်္ကာ” ဆိုရင် အကယ်ဒမီ မှန်းခဲ့တဲ့ ဇာတ်ကားပါ။ ဒါပေမဲ့ အနား ကပ်တော့မှ လွဲတာတွေ ရှိဖူးတယ်။ အဲဒီ တော့လည်း ရင်ထဲမှာပဲ သိမ်းထားရတာပေါ့။ ဒီဇာတ်ကားကို ဦးကိုယ်တိုင် လည်း ကြိုးကြိုး စားစား နဲ့ လုပ်ဆောင် အားထည့်ခဲ့သလို အဖွဲ့သား အားလုံး ဟာလည်ွးှTeamwork ကောင်းကောင်းနဲ့ အားထည့် ခဲ့ကြတာ ဖြစ် ပါတယ်” လို့ ပြောပြပေး ခဲ့ပါတယ်။

ထက်လူ ၊ ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*