ချစ်ခြင်းမေတ္တာ နဲ့ ဝိဇာတ မင်္ဂလာ

ချစ်ခြင်းမေတ္တာ နဲ့ ဝိဇာတ မင်္ဂလာ
December 26, 2016 Asian Fame
ချစ်ခြင်းမေတ္တာ နဲ့ ဝိဇာတ မင်္ဂလာ

km

မိုးလင်းတာနဲ့ဖေ့စ်ဘုတ်ထက်မှာ မိတ်ဆွေအပေါင်းအသင်းတွေကို မွေးနေ့ဆုတောင်းပေး ဖြစ်ကြတာ ဒီကနေ့ ခေတ်ကာလရဲ့ ကြည်နူးစရာပါ။ အဲဒီလိုကြည်နူးရမှုကနေ အမှတ်မထင်တွေးမိတာလေးက ရင်ထဲမကောင်းအောင်ခံစားရမိတယ်။ ဗုဒ္ဓဘာသာ မိတ်ဆွေများခံစား ရဖူးပါသလား။ ကျွန်တော်တော့ အခုနှစ်အသက် ၄၅နှစ် ပြည့်ခါမှ တွေးမိတဲ့အတွေးနဲ့ မြတ်စွာဘုရား အပေါ်တပည့်သား မပီသမှုအတွက် ယူကျုံးမရ ခံစားရမိတာနဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်တောင် ပီပြင်မှု မရှိတဲ့အဖြစ်အတွက် ဘာသာ၊ သာ သနာရေးနဲ့ ယဉ်ပါးစေဖို့ ဆန္ဒပြင်းပြ ခဲ့ကြသူ မိဘနှစ်ပါးကိုလည်း မျက်နှာပူမိခြင်းပါ။

ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဗုဒ္ဓဖွားမြင်တော်မူတဲ့ နေ့ရက်အခါ၊ ဖွားတော်မူတဲ့နေ့ကို အခြားလပြည့် နေ့လို အခါကြီးရက်ကြီးမျိုးထက် ပိုပြီး အလေးအနက်မပြုမိသလိုမျိုး သာမက ကိုယ့်ဖေ့စ်ဘုတ်မိတ်ဆွေ သူငယ်ချင်းတွေကို မွေးနေ့ဆုမွန် တောင်းပေးဖို့ စိတ်ဆန္ဒအားလောက် တောင် ကျေးဇူးတော်ရှင်ဘုရား သခင်ကိုယ်တော်ကြီးမွေးဖွားရာ ရက် မြတ်အပေါ် အမှုမထားသလို ပြုမိ တဲ့နှစ်တွေလည်း ၄၅ နှစ်တာကာလ အတွင်းအသိမဲ့ပြုမိခဲ့တာတွေက ထက်ဝက်မကလောက်တာကို တွေးမိ ကာ ရင်ထဲမှာ အားမလိုအားမရနဲ့ နောင်တရမိရခြင်းပါခင်ဗျာ။ ငယ်ငယ်က မေမေသင်ကြားပေး တဲ့ ခုနစ်ရက်ဘုရားရှိခိုး စာချိုးမှာ မြတ်ဘုရားဖွားတော်မူရာနေ့ဟာ သောကြာနေ့ရယ် လို့သိရှိခဲ့ဖူးတာ လေး ပြန်လည်ရွတ်ဆိုကြည့်မိတယ်။

သန္ဓေယူကာ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့် ရှစ်ကြုံ၊
ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံစီ၊
လုမ္ဗိနီ၌မဟီလှိုက်ဆူ၊ ဖွားတော် မူသည်၊
နတ်လူအောင်မျို့ လမ်းပါကို။

မှတ်ဥာဏ်ထဲ မမေ့ပျောက်သေးတဲ့အတွက် မေမေ့ကျေးဇူးကို ရည်မှန်းဦးခိုက်မိတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးကို ဖွားမြင်ပေးခဲ့သူ မေမေ့ကျေးဇူးကိုဆပ်ဖို့ လက်စုံ မိုး၊ လက်အုပ်မိုးနေရုံနဲ့ မသင့်တော့တာကို ဥာဏ်နဲ့ ယှဉ်တွေးမိခဲ့ပါတယ်။

မတွေးလို့မသိ ၊ မသိလို့မပြု ၊
မပြုလို့မရ ၊ မရလို့ မပါ ဖြစ်ရတော့မယ့်
သံသရာကို ဒီအရွယ်မှာမှမကြောက်
ဘယ်အရွယ်မှ ကြောက်လေမလဲ။

အခုတော့ အကြောက်နဲ့ နောင်တနဲ့ တွေးမိလေတဲ့အတွေးကနေ နောင်အခါမှာတော့ အကြောက်နဲ့ နောင်တ မပါမရှိတော့ အောင် ကြို တင်တွေးသိတဲ့အလုပ်ကို လုပ် ဆောင်သွားနိုင်ဖို့သာ မြင်လည်း မြင်မိ၊ ပြင်လည်းပြင်မိပါပြီ။ ပြီးတော့ကာ အသိအမြင်မျှဝေ ရာမှာလည်း ဆင်ခြင်တွေးဆ စာရေးသားမှုတွေနဲ့အတူ မွေးနေ့ ဆုတောင်း “ဝိဇာတမင်္ဂလာ ဂုဏ ကထာ” စာများကိုလည်း ပေါ့ပေါ့ဆဆ မပြုမိစေရဖို့ကို ဆန္ဒမွန်ဖြစ်မိပါတယ်။ ဝိဇာတဆိုတာက မွေးဖွားခြင်းပါ။မင်္ဂလာဆိုတဲ့ မင်္ဂလာရှိမှုနဲ့ တွဲစပ်အပ်တဲ့ မင်္ဂလာအခါပေမို့ ဂုဏကထာဆိုတဲ့ ဂုဏ်ပြုစကားမွန် “ဝိဇာတမင်္ဂလာ ဂုဏကထာ” ဟာ အစဉ်အလေးအမြတ်ပြုအပ်တဲ့ ဖော်ကျူးမှုပါ။ ရင်ထဲ၊ အသွေးအသားထဲက ဝမ်းမြောက်မှု တကယ်ပါရှိကာ ဖော်ကျူးပြောဆို ရေးသားကြတဲ့အခါ မွေးနေ့ရှင်နဲ့ တကွ ဖတ်ရှုရသူအားလုံးကလည်း ဝမ်းမြောက်ကြည်နူး ပီတိဖြစ်ကြရပါလိမ့်မယ်။ ဒီစာရေးသားတဲ့ အခုကာလမှာ ကမ္ဘာတစ်ဝန်းရင်ခုန် ကြည်နူးပျော်ရွှင်စွာ အသင့်ပြင်နေ ကြတဲ့ မွေးနေ့မင်္ဂလာအခါ နေ့မြတ် တစ်ရက်ကိုလည်း အထူးသတိပြုမိပါ တယ်။ ဖေ့စ်ဘုတ်ထက် ဘာသာ လူမျိုးတူပါမှမွေးနေ့ ဆုမွန်တောင်း ပေးကြတာမဟုတ်သလို အွန်လိုင်းဖေ့စ်ဘုတ်နယ် လောကငယ်လေး တစ်ခုအတွင်းမှပင် ချစ်ခြင်းမေတ္တာနဲ့ မွေးနေ့ မင်္ဂလာဆုတောင်းတွေပေးဖို့ လောကအစစ်ကြီး ဂုဏကထာကို ဆိုနိုင်၊ ပြောနိုင်၊ ရေးနိုင်၊ ဖော်ကျူး ပြသနိုင်ကြရမယ် မဟုတ်ပါလားခင်ဗျာ။

ချစ်ခြင်းမေတ္တာများနဲ့
ကိုမျိုး(မြန်မာစာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*