
ဒီဇင်ဘာလဆိုတာ အေးချမ်းတယ်။ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတယ်။ လူသားတို့ စိတ်နှလုံးကိုလတ်ဆတ်ခြင်းတွေ ပေးစွမ်းတယ်။ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့အတွက် တစ်နှစ်လုံး ပင်ပန်းလာခဲ့သမျှ အပန်းဖြေအနားယူဖို့အသင့်တော်ဆုံးအချိန်ဟာ ဒီအချိန်ပါပဲ။
သင်ဟာ ခရီးထွက်ခြင်းကို နှစ်သက်ပါသလား။ ဒါဆို သင့်ရဲ့အားလပ်ရက်မှာ ခရီးထွက်ပြီး အပန်းဖြေလိုက်တာ အကောင်းဆုံးပါ။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ပိုပိုကိုလည်း ခရီးထွက်ခြင်းနဲ့ပတ်သက်လို့ ပေါ်ပြူလာက ရိုက်ကူးခဲ့ပါသေးတယ်။သူမရဲ့ Favorite Holiday ကို အခုလို ချမ်းအေးလှတဲ့ ဒီဇင်ဘာလမှာသတ်မှတ်ထားသလား၊ သူမရဲ့ အားလပ်ရက်မှာ ဘယ်ကို ခရီးထွက်ချင်နေတာလဲ၊ သူမခေါ်ဆောင်သွားမယ့်သူက ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပိုပို့ရဲ့ အဖြေကို ပေါ်ပြူ လာပရိသတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။
0
0