
အချိန်ကာလက တဖြည်းဖြည်းနဲ့လည်ပတ်လာလိုက်တာ ၂၀၁၆၊ ဒီဇင်ဘာရဲ့နောက်ဆုံးအပတ်ကိုတောင် ရောက်ရှိလာပါပေါ့လား။ ဒီကာလမှာ ခရစ္စမတ်လည်းရှိသလို နှစ်သစ်ကူး New Year လည်းရှိပြန်တော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အမှတ်တရနေ့စွဲလေးတွေဖြစ်ဖို့ နာရီလက်တံလေးတွေကိုသာ စောင့်ကြည့်ရတော့မှာပါ။ လူအများပျော်ရွှင်စွာ အနားယူအပန်းဖြေကြမယ့်ဒီကာလမှာ နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်း တစ်ယောက်ကတော့ အလုပ်များတဲ့ အနုပညာရှင်ပီပီ ရှိုးတွေပဲဆိုနေမှာလား၊ ဒါမှမဟုတ် အလုပ်တွေကိုမေ့ထားပြီး အနားယူပစ်လိုက်မှာလားဆိုတာ အနုပညာရှင်တို့ရဲ့ Favorite Holiday အစီအစဉ်ကနေ ပေါ်ပြူလာပရိသတ်အတွက် ရိုက်ကူးတင်ဆက်လိုက်ပါတယ်။
0
0