Heineken Beer
Heineken Beer

ရုပ်ရှင်စတူဒီယိုတစ်ခုကို မြောက်ဒဂုံမှာ တည်ဆောက်နေတဲ့ အကယ်ဒမီ နေတိုး

ရုပ်ရှင်စတူဒီယိုတစ်ခုကို မြောက်ဒဂုံမှာ တည်ဆောက်နေတဲ့ အကယ်ဒမီ နေတိုး
December 22, 2016 Asian Fame

nay-toe-l-copy

နေတိုးက မြန်မာ့ရုပ်ရှင် လောက မှာ ဇာတ်ကားရိုက်ကူးဖို့အတွက် နေရာ အခက်အခဲတွေရှိနေတာကြောင့်  Indoor  စတူဒီယိုတစ်ခု ကို မြောက်ဒဂုံမြို့နယ်မှာ ဆောက်လုပ် နေကြောင်း သိရပါတယ်။

“စတူဒီယိုက ကျွန်တော်တို့ နိုင်ငံမှာမရှိဘူး။  စတူဒီယိုဆိုပေမယ့် Post House   ပေါ့။ အဓိကတော့ Post Production တွေလုပ် မယ်။ နောက်ပြီး တချို့ဆက် တင်တွေ ဆောက်ပြီး ရိုက်ကူးလို့ရတဲ့ နေရာက ကျွန်တော် တို့ဆီမှာ အခက်အခဲရှိတယ်။ တော်ရုံတန်ရုံ အပြင်စီးပွား ရေး သမားတွေက ဒါမျိုးလုပ်ရကောင်းမှန်းမသိဘူး။ ကိုယ်တွေအတွက် တကယ်လိုအပ်တဲ့အရာ တစ်ခုကို အရင်ရှိနေပြီး သား နေရာတွေမှာ သွားရောက်ရိုက်ကူးရတဲ့ အခြေအနေမှာ နည်းနည်း နေရာခက်ခဲမှုတွေရှိတယ်။ နောက်ပြီး ဆက်တင်တွေနဲ့ ရိုက်ကူး ရတဲ့ နေရာတွေက ရှားပါးနေတဲ့အနေအထား ဖြစ်တော့ မိမိအနုပညာဖန်တီးမှု Indoor  စတူဒီယိုတစ်ခုကို ကိုယ်တိုင်လည်း ဝါသနာပါေ တာ့ ပံ့ပိုးချင် တဲ့စိတ်နဲ့ တည်ဆောက်ဖြစ်တာပါ။ Post House  ကတော့ ကျွန်တော်တို့ သွားလာခဲ့တဲ့ နိုင်ငံတော်တော်များ များမှာရှိတဲ့  Movie Workshop နဲ့တွဲထားတဲ့ Post House   တစ်ခု ပါပဲ။ ကျွန်တော့်ရဲ့ စတူဒီယိုက ဧကအများကြီးနဲ့ ရုပ်ရှင်တစ်ကားလုံး ပြီးဆုံးေ အာင် ရိုက်ကူးလို့ရတဲ့ စတူဒီယို မျိုးတော့မဟုတ်ဘူး။ ၆ဝ ရာခိုင်နှုန်း ရိုက်ကူးလို့ရတဲ့ Post House တစ်ခုပါ” လို့ အခုဆောက်လုပ်နေတဲ့ Indoor  စတူဒီယိုနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒီစတူဒီယိုကို ဆောက် လုပ် နေတာ ၂ လကျော်ရှိနေပြီ  ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ၆ လပိုင်း သို့မဟုတ် ၇ လပိုင်း ဝန်းကျင်ခန့်မှာ စတင် အလုပ်လုပ်နိုင် မှာဖြစ်ကြောင်း ပြောပါတယ်။

“ကျွန်တော်တို့က ဒီဇိုင်းတွေ၊ စည်ပင် ဆောက်လုပ်ခွင့်တွေ အများကြီး အချိန် ပေးခဲ့ရတော့ အခု ဆောက်လုပ်ဖြစ်တာ ၂ လဝန်းကျင်   လောက်ပဲ ရှိသေးတယ်။ တခြားဟာတွေကတော့ ပစ္စည်းစုဆောင်း မယ့် အပိုင်းတွေ၊ ဒါတွေကတော့ ကျွန် တော်ကြိုပြီး စုဆောင်းထားတဲ့ အတွက် တချို့အရာတွေကတော့ အဆောက်အအုံပြီး တော့မှပဲ ရွှေ့ရမှာပေါ့။ တချို့စက်ပစ္စည်းတွေက ကျွန်တော့် အိမ်မှာပဲ အကုန်ပုံ ထားရတယ်” လို့ပြောပါတယ်။

ပုဂံအလိုတော်ပြည့်ဘုရား ရွှေထီး တော်အတွက် ‘မိုးညအိပ်မက်မြူ’ ရုပ်ရှင် ဇာတ်ကားနဲ့ ပထမဆုံးရရှိခဲ့တဲ့ အကယ် ဒမီ ရွှေကြယ်ကို လှူဒါန်းခဲ့တဲ့ နေတိုးက ဒီဇင်ဘာလ ၁၃ ရက်နေ့က ပုဂံအလို တော်ပြည့် ဘုရားရွှေထီးတော်ကို ကိုယ် တိုင်ကိုယ်ကျ သွားရောက်ထီးတော် တင်လှူခဲ့ ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*