မေတ္တာသင်္ဂဟ အဖွဲ့ က ငွေကျပ် သိန်း ၂ဝ လှူဒါန်း

မေတ္တာသင်္ဂဟ အဖွဲ့ က ငွေကျပ် သိန်း ၂ဝ လှူဒါန်း
December 22, 2016 Asian Fame
မေတ္တာသင်္ဂဟ အဖွဲ့ က ငွေကျပ် သိန်း ၂ဝ လှူဒါန်း

အလိုတော်ပြည့်ဘုရား ရွှေထီးတော်အတွက် ရွှေ၁ဝကျပ်သားလှူဒါန်းခဲ့တဲ့ မေတ္တာသင်္ဂဟအဖွဲ့ (ရန်ကုန်+မန္တလေး) က ပုဂံ၊ ညောင်ဦးဒေသများရှိ စာသင်ကျောင်းများအတွက် ကျောင်းသုံးပစ္စည်း၊ ပရိဘောဂများနဲ့ စာရေး ကိရိယာများပံ့ပိုးရန် သရပါ ပညာရေးကွန်ရက်သို့ အလှူငွေကျပ် ၁၅ သိန်းနဲ့ ပုဂံ- ပလတ်စတစ်ကင်းစင်ရေးအဖွဲ့သို့ အလှူငွေ ကျပ် ၅ သိန်း၊ စုစုပေါင်း ကျပ်သိန်း၂ဝကိုလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့က လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

” ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အလိုတော်ပြည့်ဘုရားရွှေထီးတင်မှာ ကျွန်တော်တို့ မေတ္တာသင်္ဂဟအသင်းက ရွှေ၁ဝကျပ်သားလှူခဲ့တယ်။ ထီးတင်ခဲ့ တယ်။ တစ်ဆက်တည်းမှာပဲ ပုဂံဘက်ကသူတို့ဒေသမှာရှိတဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းက ကလေးတွေအတွက် သင်ထောက် ကူပစ္စည်းတွေ လှူဒါန်းဖို့ကမ်းလှမ်းတယ်။ ဒါကြောင့် မေတ္တာသင်္ဂဟအဖွဲ့က သရပါ ပညာရေး ကွန်ရက်ကို ငွေကျပ် ၁၅ သိန်း မတည်ပေးခဲ့တယ်။ နောက်ပြီး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာ ဖျက်ဆီးနေတဲ့ ပလတ်စတစ်တွေ ပပျောက်ဖို့အတွက် ပလတ်စတစ် ကန်ပိန်းအဖွဲ့ကိုလည်း ၅သိန်းလှူဒါန်းခဲ့တယ်” လို့ပြောပါတယ်။ မေတ္တာသင်္ဂဟအဖွဲ့ (ရန်ကုန်+ မန္တလေး)က ပြည်၊ သရေခေတ္တရာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ သမိုင်းဝင်ဘုရားမာဘုရားတံတားပြုပြင်ရန် အတွက် ငွေကျပ်သိန်း ၈ဝ မတည်လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

P- 060

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*