ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ၇၅ နှစ်ပြည့် စိန်ရတု သဘင်ပွဲမှာ နှစ်ပါးကမယ့် သျှန်ထွန်း (မြန်မာစာ)နဲ့ ချစ်ချစ်ဇော်

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ၇၅ နှစ်ပြည့် စိန်ရတု သဘင်ပွဲမှာ နှစ်ပါးကမယ့် သျှန်ထွန်း (မြန်မာစာ)နဲ့ ချစ်ချစ်ဇော်
December 22, 2016 Asian Fame

chit2

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ၇၅ နှစ်ပြည့် စိန်ရတုသဘင်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန် တက္ကသိုလ် RC ခန်းမမှာပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ မြန်မာစာ ဌာန ကျောင်းသား၊ ကျောင်းသူ ဟောင်းများနဲ့ လက်ရှိသင်ကြားလျက်ရှိတဲ့ ကျောင်းသား၊ သူများက အစီ စဉ်များစွာဖြင့် ဖျော်ဖြေတင်ဆက် ကြမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ သျှန်ထွန်း(မြန်မာစာ)နဲ့ ချစ်ချစ်ဇော် တို့က နှစ်ပါးကကြ မှာဖြစ်ပြီး လူရွှင်တော်များအဖြစ် အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ ညောင်ညောင်၊ ဖိုးဖြူတို့က တင်ဆက်သွားကြမှာ ဖြစ်ပါတယ်။ နှစ်ပါးကမယ့် သျှန်ထွန်း (မြန်မာစာ)က ” မြန်မာစာဌာနရဲ့ ၇၅ နှစ် ပြည့်ပွဲဆိုတော့ နောက်ထပ်ရတုပွဲ တွေကိုလည်း ကျွန်တော်တို့ အသက် အရွယ်နဲ့ မီချင်မှလည်းမီမယ်။ ဒီပွဲမျိုးက နောက်ထပ်လည်း ထပ်ကြုံချင်မှ ကြုံနိုင်တော့မယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ် အောင်လို့တော့ အကုန်လုံးက အစီအစဉ်ဆွဲပြီးတော့ လုပ်နေကြပါတယ်။ ကျွန်တော်က နှစ်ပါးမက ဖြစ်တာ နှစ်၂ဝလောက်ကြာခဲ့ပြီ။ ကျောင်းသားဘဝတုန်းကပဲ ကဖြစ် တယ်။ သင်္ကြန်ဆိုရင် သူ့ကျောင်း၊ ကိုယ့်ကျောင်း အပြိုင်အဆိုင် နာမည်ရအောင် ကပြကြတယ်။ ကျွန်တော် တို့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက လှိုင်မဟာသဘင်ဆိုပြီး နာမည် တပ်ပြီးတော့ နှစ်ပါးသွားကကြတယ်။ ချစ်ချစ်ဇော်တို့၊ သီတာမြင့်တို့၊ ယုနန္ဒာမြင့် တို့က မင်းသမီးတွေပေါ့။ ကျွန်တော်က မင်းသားပေါ့။ ကျောင်း ပြီးသွားတဲ့ နောက်ပိုင်းကျတော့ ကျွန်တော့်အမေရှိတဲ့ အချိန်တုန်းကတော့ အပြင်မှာ နည်းနည်းပါးပါး ကသေးတယ်။ အိမ်မှာက ဇာတ် ထောင်ထားတာဆိုတော့ အမေသွားတဲ့နောက်ကို လိုက်ပြီးကကြတာ။ အဲဒီနောက်ပိုင်း မကဖြစ်တော့တာ အနှစ် ၂ဝ ကျော်လောက်ကိုရှိသွားပြီ။ကျွန်တော့်ညီတွေဖြစ်တဲ့ ဖိုးချစ်တို့၊ စွမ်းဇာနည်တို့တောင် ကျွန်တော်ကတာ မမြင်ဖူးကြသေးဘူး” လို့ ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*