Heineken Beer
Heineken Beer

ဇန်နဝါရီလထဲမှာ မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် TT & Donut

ဇန်နဝါရီလထဲမှာ မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် TT & Donut
December 22, 2016 Asian Fame

ttd

ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ထိုင်းလူမျိုးဒါရိုက်တာ Adsajun Sattagovit က ရိုက်ကူးတင်ဆက်ပေး ထားပြီး အဓိကသရုပ်ဆောင်တွေ အဖြစ် ပြေတီဦး၊ ထိုင်းမင်းသမီး Chattarika Sittipromာ ၊ ရွှေသမီး တို့နဲ့အတူ ထိုင်းသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ TT & Donut ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယအကြိမ်မြောက် World Gala Premiere Show Red Carpet Screening ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ရာမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့သလို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း လည်း တက်ရောက်ခဲ့ပြီး ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။ အခမ်းအနားကိုတော့ ထိုင်းနိုင်ငံက သရုပ်ဆောင်များစွာနဲ့ အတူ ထိုင်းနိုင်ငံက နာမည်ကျော် မီဒီယာများလည်း တက်ရောက် သတင်းယူတာကို တွေ့ခဲ့ရပါတယ်။

ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းကတော့ ” ဒီဇာတ်ကားဟာ ပြည်တွင်းမှာ ရိုက်ကူးထုတ်လုပ်မှုထက် အဆပေါင်းများစွာ ကုန်ကျစရိတ်မြင့်မားနိုင်တယ်ဆိုတာ သိသာပါတယ်။ ရိုက်ကူးတဲ့ ထုတ်လုပ်သူဆီမှာလည်း ရည်ရွယ်ချက်နှစ်ခုရှိပါလိမ့်မယ်။ နံပါတ်တစ်ကတော့ မြန်မာ့ရုပ် ရှင်တွေကို အရည်အသွေးမြင့်မြင့် ရိုက်ကူးပြီးတော့ ပရိသတ်တွေဆီကို တင်ဆက်ချင်တဲ့ စေတနာဖြစ်ပါ တယ်။ ဒုတိယ မျှော်လင့်ချက်တစ်ခုက တော့ မြန်မာ့ ရုပ်ရှင်ဈေးကွက်ဟာ နိုင်ငံတကာလို့ဆိုနေပေမယ့် မြန်မာ နိုင်ငံကထွက်သွားရင် အနီးဆုံး ထိုင်းနိုင်ငံမှာတောင် ကျွန်တော်တို့ လူမျိုးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုပ်ရှင်တွေ မပြနိုင်သေးပါဘူး။ အဲဒီလို ဈေးကွက်ကို ထိုးဖောက်ဖို့ ရည်ရွယ်တယ်လို့ ကျွန်တော်မှန်းဆမိပါတယ်” လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီ ပြေတီဦးကလည်း …

” TT & Donut ဇာတ်ကားလေးက နောက်ထပ် ပြည်ပနိုင်ငံတွေ နဲ့ ပူးပေါင်းရိုက်ကူးဖြစ်စေဖို့ တွန်းအားဖြစ်စေတာပေါ့။ ပြောရရင် ဒီဇာတ်ကားကနေ တစ်ဆင့် ဒီလို ပူးပေါင်းပြီးရိုက်ကူးတဲ့ ဇာတ်ကားတွေက နောက်ထပ်ဖြစ်လာတာပေါ့။ နောက်ပိုင်းမှာ အခုထက်လည်း ပူးပေါင်းရိုက်ကူးမှုတွေများလာမှာ ဖြစ် ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ထိုင်းလူမျိုးဒါရိုက်တာ ဗျိကြေညှအေအေါသလငအ ကတော့ အက်ရှင်၊ ဟာသ၊ ရိုမန့်၊ ဒရာမာ တို့နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ Adsajun Sattagovit ရုပ်ရှင် ရုံတင်တဲ့အခါ လာရောက် ကြည့်ရှုအားပေးစေလိုပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ပြောပါတယ်။ ထုတ်လုပ်သူဖြစ်တဲ့ ကိုသက် (ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေး) ကတော့ ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ဇန်နဝါရီလဆန်းပိုင်းမှာ ရုံတင်ပြသမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အခြား ပြည်ပနိုင်ငံတွေမှာလည်း ရုံတင်ပြသဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေ တယ်လို့လည်း သိရပါတယ်။

ထက်လူ
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*