Heineken Beer
Heineken Beer

သားနဲ့သမီးကို အကောင်းဆုံး ဖြည့်ဆည်း ပေးသွားမှာပါ ကိုစစ်နိုင်နဲ့ သက်မွန်မြင့်

သားနဲ့သမီးကို အကောင်းဆုံး ဖြည့်ဆည်း ပေးသွားမှာပါ ကိုစစ်နိုင်နဲ့ သက်မွန်မြင့်
December 21, 2016 Asian Fame

thet

သက်မွန်မြင့်က သူ့ရဲ့ ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၉ မိနစ်မှာ ဒေါက်တာဒေါ်ခင်မျိုးဦးနဲ့ ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သမီးလေးရဲ့ကိုယ်အလေးချိန်က ၆ပေါင် နဲ့ ၁ဝအောင်စရှိပြီး မိခင်ရော၊ ကလေးပါကျန်းမာကြောင်း သိရပါတယ်။ အရင်က ဒီသမီးလေးကို ဇန်နဝါရီလလောက်မှသာ မွေးဖွားမယ်လို့ သိခဲ့ရပါတယ်။ အခုလိုအချိန်စောပြီး မွေးဖွားဖြစ်ခဲ့ပုံတော့ သက်မွန်မြင့်ရဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်က..

” ကလေးကတအားလှုပ်တော့ ဗိုက်အောင့်လို့ဆိုပြီး ဆေးရုံကိုကြိုတက်လိုက်တာ။ လှုပ်တာ တအားကြာတဲ့အခါကျတော့ ကလေး ပင်ပန်းမှာလည်း စိုးတယ်။ ပြီးတော့ ဘာကြောင့်လှုပ်မှန်းလဲ မသိဘူးဖြစ်နေတာနဲ့ ခွဲမွေး လိုက်တာပါ။ အရင်မှန်းထားတဲ့ရက်ထက်တော့ ၃ပတ်စောသွားတယ်။ ကလေး ရော၊ မိခင်ပါ ကျန်းမာရေးကောင်းပါ တယ်။ ဘာမှစိုးရိမ်စရာမရှိပါဘူး။ သမီး လေးက ၁၄ရက်နေ့ည ၉နာရီကျော်မှာ မွေးတာဆိုတော့ ရာဟုသမီးလေးပါ။ ပြီးတော့ ရာဇ ဖွားလည်းဖြစ်တော့ ကောင်းပါတယ်။ အခု သမီးလေးကိုမြင်ရတော့ သားအားချစ်တုန်းက ခံစားချက်ကတစ်မျိုး။ သမီးကျတော့ ဖခင်တစ်ယောက် အနေနဲ့ သမီးကိုပြောပြချင်တာတွေ၊ သိစေချင်တာတွေ အများကြီးပေါ့နော်။ မိဘတစ်ယောက်အနေနဲ့သားရော၊ သမီးကိုပါ အကောင်းဆုံး ဖြည့်ဆည်း ပေးသွားမှာပါ” လို့ ဖခင်တစ်ယောက်ရဲ့ ရင်တွင်းစကားကို ပြောပြခဲ့ပါတယ်။ သက်မွန်မြင့်က နောက်ထပ် ၅ ရက်လောက်ကြာရင် ဆေးရုံကနေ ဆင်းခွင့်ရ မယ်လို့ သိရပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*