Heineken Beer
Heineken Beer

စာရင်းဇယားအတုများဖြင့် ကားပါမစ် လျှောက်ထားသူများအား အရေးယူ

စာရင်းဇယားအတုများဖြင့် ကားပါမစ် လျှောက်ထားသူများအား အရေးယူ
December 20, 2016 Asian Fame

permit

မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု၊ ဘဏ်စာအုပ် အတုများဖြင့် ကားပါမစ်လျှောက် ထားသူ ၂ဝ ဦးအား ပြီးခဲ့သည့်လတွင်အရေးယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ “မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုပြုလုပ်သူများကို အမှုဖွင့်ထားပါတယ်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားပါတယ်။ ရဲမှူးကလည်း စစ် ဆေးနေပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်သွင်းကုန် ဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။ ဒီဇင်ဘာလ၁၆ရက်နေ့တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကားပါမစ်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာများမှ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မှတ်ပုံတင်အတုများဖြင့် လျှောက်ထားရာတွင် အမည်သာမက နေရပ်လိပ်စာများပါ လုံးဝကွဲ လွဲနေသည်ဟု ၎င်းကထပ်မံဆိုသည်။

” ဥပမာ ဒီမှတ်ပုံတင်အတုနဲ့ ဒီလူကိုရှာတဲ့အခါမှာနေရပ်လိပ်စာမှာ လုံးဝမရှိတာတွေ့ရ တယ်။ အဲဒီလိုမျိုးကျ ကျွန်တော်တို့ကဘယ်သူတွေက လျှောက်ထားခဲ့တာလဲ။ အေးဂျင့်တွေကနေ လည်း ရှာဖွေဖော်ထုတ်ပြီးအရေးယူလျက်ရှိပါတယ်” ဟု ဦးကျော်စိုးဝင်းက ပြောသည်။ မှတ်ပုံတင်အတု၊သန်းခေါင်စာရင်းအတု၊ ဘဏ်စာအုပ်အတုများကို လက်ရှိအချိန်တွင် အရေးယူမှုများ လုပ်ဆောင်နေခြင်းကြောင့် အတုပြုလုပ်သူနည်းသွားကြောင်း ၎င်းက ထပ်ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*